တရုတ်မင်းသားနဲ့ တွဲနေတဲ့ ချိုဂျာဟွန်း

တရုတ်မင်းသားနဲ့ တွဲနေတဲ့ ချိုဂျာဟွန်း

တောင်ကိုရီးယားမင်းသမီး ချိုဂျာဟွန်းက တရုတ်မင်းသား Yu Xiaoguang နှင့် တွဲနေကြောင်း  ၎င်း၏ Weibo အကောင့်တွင် စက်တင်ဘာ ၁၆ ရက် ကရေးသားဖော်ပြခဲ့သည်။

“ ဘဝမှာ ကျွန်မချစ်ရတဲ့ သူအကြောင်းတွေကို မျှဝေချင်ပါတယ်။ ကျွန်မ သေသေချာချာ စဉ်းစားပြီးမှ ဒီအကြောင်းကို ရေးသားခဲ့တာပါ။ ကျွန်မဟာ တခြားသူတွေအပေါ် မမှီခိုဘူးလို့ ကျွန်မ အမြဲတမ်း ထင်ထားတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မဟာ တစ်ယောက်ယောက်အပေါ် မှီခိုချင်နေ တယ်” ဟု ချိုက ရေးသားထားသည်။

“ ကျွန်မ သူနဲ့ တွေ့ဆုံပြီးတဲ့ နောက်မှာတော့ ကျွန်မ နေ့ရက်တွေကို အပြုံးတွေနဲ့ စတင်ခဲ့တယ်။ ပထမမှာတော့ ဒါတွေဟာ ကျွန်မနဲ့ အကျွမ်းတဝင် မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မအခု သဘောပေါက်လာ တာကတော့ သူဟာ ကျွန်မဘဝမှာ အရေးကြီးဆုံး လူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ” ချိုက ရေးသားထားသည်။

သရုပ်ဆောင် အဆိုတော် တစ်ဦးဖြစ်သည့် Yu Xiaoguang သည် ချိုထက် အသက်နှစ်နှစ်ငယ် ပြီး လက်ရှိအချိန်၌ ဖျော်ဖြေရေး အစီအစဉ်များတွင် ပါဝင်သရုပ်ဆောင်လျက် ရှိသည်။ ချိုသည် The Temptation to Go Home နှင့် Temptation of a Wife ဇာတ်ကားတို့ဖြင့် ၂၀၁၁ ခုနှစ်က ပရိသတ် များ၏ အားပေးမှုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly