တောင်ကိုရီးယားမင်းသမီး ပက်ခ်ရှင်ဟေးသည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ မထွက်ခွာမီ အင်ချောင်လေဆိပ်တွင် ရိုက်ထားသော ဓာတ်ပုံများကို စက်တင်ဘာ ၄ ရက်က ထုတ်ဖော် ပြသခဲ့သည်။
အေဂျင်စီက ထုတ်ဖော်ပြသခဲ့သော ဓာတ်ပုံများတွင် ပက်ခ်ရှင်ဟေးသည် နက်ပြာရောင်စကတ် နှင့် အပြာရောင်သိုးမွှေးထည်ကို ဝတ်ဆင်ထားသည်ကို တွေ့ရကြောင်းနှင့် ပက်ခ် သည် အနက်ရောင် အိတ်ကို လွယ်ထားပြီး နေကာမျက်မှန်ကို တပ်ဆင်ထားသည်မှာ နှစ်လိုဖွယ် ကောင်းအောင် လှပနေ သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ပက်ခ်သည် tvN ရုပ်သံ၏ Three Meals a Day ဇာတ်ကားတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးလျက် ရှိသည်။ ပက်ခ်သည် ၂၀၁၆ ခုနှစ်တွင် ပြသရန် စီစဉ်ထားသည့် Brother ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်ရန်လည်း စဉ်းစားလျက် ရှိသည်။