ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်တွင် အမျိုးသမီးရပ်ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်း ၁၃ယောက်ရှိကြောင်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္စျိမသို ့ပြောသည်။
“အမျိုးသမီးအုပ်ချုပ်ရေးမှူးဆို ၁၃ယောက်ရှိပါတယ်။မြို့နယ်တွေက အိမ်မဲမြို့နယ်၊ မြောင်းမြမြို့နယ်၊ ဇလွန်မြို့နယ်နဲ့အခြားမြို့နယ်တွေဖြစ်ပါတယ်။တချို့အရင်တစ်ခါရွေးချယ်ဖူးပြီးသား အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ ပြန်ပြီးပါလာတာကိုတွေ ့ရပါတယ်။ပိုပြီးများလာတယ်လိုသုံးသပ်ပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။
မြောင်းမြမြို့နယ်၊ မြဟေမာရပ်ကွက်မှ အမျိုးသမီးအုပ်ချုပ်ရေးမှူးဒေါ်ခင်မာကြည်က “နိုင်ငံအတွက်ထမ်းဆောင်ရတာ သိပ်ပြီးတော့ ခက်ခက်ခဲမရှိပါဘူး။ အမျိုးသား တွေနဲ ့ရင်ဘောင်တန်းပြီး လုပ်နေတာပါ။ ရာအိမ်မှူး ၈၀ကျော်ထဲမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ဖို ့ဆိုတာမလွယ်ပါဘူး” ဟုရပ်ကွက်တာဝန်များလုပ်ဆောင်နေမှုအားပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများရာထူးအတွက် ၂၂၁၂ နေရာ ကို ၂၀၁၈ခုနှစ်တွင်ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရွေးချယ်မှုတွင် အမျိုးသမီးကျေးရွာအုပ်ချုပ်ရေးမှူး ၁၃ယောက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
“အမျိုးသမီးတစ်ယောက် အုပ်ချုပ်မှုအောက်မှာ အမျိုးသားတော်တော်များများ မနေချင်ဘူးလေ၊ သူတို ့ကို အပြစ်ပြောလို့မရပါဘူး။ သဘာဝတရားကြီးကိုက အိမ်ထောင်ဦးစီးဆိုတဲ့နေရာမှာ နေခဲ့ရတဲ့အတွက် အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်နေရာတွေ စိတ်ခံစားမှုတွေနဲ ့မပေးချင်တာမျိုးပေါ့။ တိကျတယ်၊ စနစ်ကျတတ်တယ်၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေတဲ ့အချိန်မှာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ ပါ၀င်ရင် ပိုပြီးတိုးတက်မယ်။ မြန်မာနိုင်ငံလူဉ်ီးရေမှာ အမျိုးသမီးတွေဟာ တဝက်ကျော်ရှိနေတယ်”ဟု မအူပင်မြို့နယ်၊ တရောပေကုန်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဒေါ်ဥမ္မာညိုကပြောသည်။