ရုပ်ပွားတော်အချို့ပျောက်ဆုံးနေခြင်းကိစ္စ တိုင်ကြားခဲ့သူများအား ဘုရားဂေါပက တရားပြန်စွဲဟုဆို

ရုပ်ပွားတော်အချို့ပျောက်ဆုံးနေခြင်းကိစ္စ တိုင်ကြားခဲ့သူများအား ဘုရားဂေါပက တရားပြန်စွဲဟုဆို

 

မန္တလေး ။                ။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ချောင်းပေါက်ကျေးရွာ သာသနာ့ဝိပုလကာရီကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းဆင်းတုရုပ်ပွားတော်များမှ ရုပ်ပွားတော်အချို့ပျောက်ဆုံးနေခြင်းကိစ္စ ဖော်ထုတ်ပေးရန် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့်မြို့နယ်သာသနာရေးဦးစီးမှူးတို့သို့ စာပို့ခဲ့သူများကို ဘုရားဂေါပကဥက္ကဋ္ဌက တရားပြန်စွဲဆိုလိုက်သည်။  

တရားပြန်စွဲထားသောကိစ္စနှင့်ပျောက်ဆုံးနေသောဆင်းတုတော်များအတွက် အမှုဖွင့်ထားသည့် အခြေအနေ များကို တရားစွဲခံထားရသူများက ဇွန်လ ၂၅ ရက်၊နံနက်ပိုင်းက မန္တလေး မီဒီယာစင်တာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ သာသနာ့ဝိပုလကာရကျောင်းသို့ အာဂန္တုအဖြစ် ရောက်လာသော ဆရာတော်၂ပါးထံ ဉာဏ်တော် အမြင့်၂ ပေ ၆ လက်မရှိ ကြေးဆင်းတုတော်ကို လှုဒါန်းလိုက်ကြောင်းပြောဆိုထားသော်လည်း ၄င်း ကျေးရွာတွင် လှုဒါန်းထားခြင်းမရှိသည့်အတွက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ချောင်းပေါက်ကျေးရွာမှ ဦးသန့်ဇင်ဦးက ပြောသည်။

ကျောင်းထိုင်ဆရာတော်နှင့် ဘုရားဂေါပကဥက္ကဋ္ဌ ဦးဝင်းမြင့်၊လူမှုရေးအသင်းဥက္ကဌ ဦးကျော်တင့်တို့က အဆိုပါ ကြေးဆင်းတုတော်ကို မကွေးတိုင်းဒေသကြီးဖိုလေးလုံးကျေးရွာတွင် တည်ထားမည့် ရှစ်မျက်နှာဘုရား စေတီတော်၌ ဌာပနာရန်လှူဒါန်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျောင်းတိုက်တွင် ၂၀၁၄ ခုနှစ်တွင် ဆင်းတုတော်တစ်ဆူ ပျောက်ဆုံးခဲ့ဖူးပြီး ၂ ကြိမ် တိုင်ကြားခဲ့သော် လည်း အရေးယူမှုမရှိဘဲ နောက်ထပ်ဆင်းတုတော်၂ ဆူပါ ပျောက်ဆုံးနေသည်ကို သိရကြောင်း ဦးသန့်ဇင်ဦး (ချောင်းပေါက်ကျေးရွာ) က ပြောသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထပ်မံတိုင်ကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများက ဘုတ်အဖွဲ့ဖွဲ့၍ ၄င်းအဖွဲ့ရှေ့မှောက်တွင် ဆရာတော်ဦးဣန္ဒနှင့် ဂေါပကများက ဆင်းတုတော်များကို ပြန်လည်ပင့်ဆောင်ပေး မည်ဟု လက်မှတ်ထိုးထားသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ပင့်ဆောင်ပေးခြင်းမရှိကြောင်း သတင်းစာရှင်းလင်းသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly