ARSA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့မည်

ARSA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့မည်
ဓာတ်ပုံ - Myanmar President Office

 

ရန်ကုန် ၊ ဇွန် ၁ ။                       ။ ARSA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖွဲ့စည်းသွားမည်ဟု မေလ ၃၁ ရက်နေ့က အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ပတ်သက်နေသည့် ကိစ္စရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု သိရသည်။

အဆိုပါ ကော်မရှင်ကို အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာအစိုးရမှ ဖွဲ့စည်းသွားမှာဖြစ်ပြီး ကော်မရှင်၌ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင်(၃)ဦးပါဝင်မည်ဖြစ်ကာယင်းကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများက ပ့ံပိုးပေးမည်ဟု အစိုးရဘက်မှ သတင်းထုတ်ပြန်ထားသည်။

ယခုဖွဲ့စည်းမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အစိုးရမှဦးဆောင်ဖွဲ့စည်းသည့် ကော်မရှင်တစ်ခုဖြစ်ပြီး ယခင်ကလည်း ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့်   မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့ကို ဖွဲ့စည်းခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပ့ံပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း(UEHRD) တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် ဆောင်ရွက်ထားသည့်အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီကိုလည်း အစိုးရက ဖွဲ့စည်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly