ထိုင်းနိုင်ငံတွင် တိုက်ခန်းတစ်ခန်းအတွင်း ဗုံးထောင်မည့် ပစ္စည်းများ ထပ်မံတွေ့ရှိရာ တိုက်ခန်းငှားနေထိုင်သည့် အမျိုးသမီးဖြစ်သူနောက် ရဲများ လိုက်လံရှာဖွေလျက်ရှိ

ထိုင်းနိုင်ငံတွင် တိုက်ခန်းတစ်ခန်းအတွင်း ဗုံးထောင်မည့် ပစ္စည်းများ ထပ်မံတွေ့ရှိရာ တိုက်ခန်းငှားနေထိုင်သည့် အမျိုးသမီးဖြစ်သူနောက် ရဲများ လိုက်လံရှာဖွေလျက်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက် မင်းဘူရီခရိုင်တွင် တိုက်ခန်းတစ်ခန်းအတွင်း ဗုံးပြုလုပ်သည့် ပစ္စည်းများတွေ့ရှိရာ ယင်းတိုက်ခန်းအား ငှားရမ်းနေထိုင်သူဖြစ်သည့် အမျိုးသမီးအား အာဏာပိုင်များက စုံစမ်းလိုက် လံနေလျက်ရှိကြောင်း ရဲဌာနပြောရေးဆိုခွင့်ရှိသူ ပရာဝတ်သာဝန်ဆာရီက ပြောသည်။

Maimuna Garden Home ရှိ အခန်းတစ်ခန်းတွင် ဗုံးလုပ်သည့် ဆက်စပ်ပစ္စည်းများကို သြဂုတ် ၃၀ ရက်က ရဲများက ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဗုံးလုပ်ရာတွင် အသုံးပြုသည့် ယူရီးယားဓာတ်၊ ယမ်းမှုန့် ဘူးခြောက်ဘူး၊ ဝါယာကြိုးများ၊ ချိန်ကိုက်လက်ပတ်နာရီများနှင့် ဝေါကီတော်ကီစကားပြောစက်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပရာဝတ်က ရုပ်သံအစီရင်ခံမှုတွင် ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခန်းတွင် နိုင်ငံသားခွဲခြားနိုင်ခြင်းမရှိသေးသူတစ်ဦးလည်း ငှားရမ်းနေထိုင်ကြောင်း ပရာဝတ်က ပြောပြီး ထောက်လှမ်းရေးများက အဆိုပါ အိမ်ငှားအမျိုးသမီးနှင့် အတူရှိနေထိုင်ခဲ့သည့် အမျိုးသားအိမ်ငှားနောက်သို့လိုက်လံလျက်ရှိကြောင်း ဖြည့်စွက်ပြောပြီး နှစ်ဦးစလုံး၏ ဓာတ်ပုံများကိုလည်း ရုပ်သံမှတစ်ဆင့် ပြသခဲ့သည်။

ယခုအငှားတိုက်ခန်းအား ရှာဖွေမှုပြုနိုင်ခြင်းမှာ ဗုံးလုပ်သည့် ပစ္စည်းများနှင့် အတူ ဘန်ကောက်ရှိ တိုက်ခန်းအတွင်း ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသား သံသယတရားခံဖြစ်သူက သတင်းထွက်ချက်ပေး ၍ဖြစ်သည်။ ယင်းနိုင်ငံခြားသား သံသယရှိသူကို ဘန်ကောက်ရှိ တိုက်ခန်းတစ်ခန်းတွင် မကြာသေးမီက ပေါက်ကွဲတိုက်ခိုက်မှုများပြုလုပ်ရာတွင်  အသုံးပြုသည့် ဗုံးနှင့် အလားသဏ္ဍန်တူသော ဗုံးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို တွေ့ရှိခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားသည်။

ဘန်ကောက်မြို့တွင်း အီရာဝန်ဟိန္ဒူဘုရားကျောင်းတွင် မကြာသေးမီက ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၂၀ အနည်းဆုံးသေဆုံးကာ ၁၂၀ ထက်မနည်းဒဏ်ရာရခဲ့သည်။ နောက်ထပ်ပြီး  ဘန်ကောက်ရှိဆိပ်ခံဘော တံတားတစ်ခုတွင်လည်း ဗုံးပေါက်ကွဲမှုထပ်ဖြစ်ပြီး ပျက်စီးမှုများ ဖြစ်ပွားခဲ့ရသည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly