NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

.

ရန်ကုန် ၊ မေ ၁၈ ။        ။ ချင်းပြည်နယ် စည်ပင်သာယာရေး ၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မိမိသဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု အစိုးရက ယမန်နေ့ မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ဟားခါးမြို့ပြစီမံကိန်း ၊ ဟားခါးဈေးတည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိစွာဖြင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့သည်ဟု ဆလိုင်းအိုက်ဇက်ခင်က ဖြေရှင်းထားသည်။

“မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် (၂)နှစ်တာကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်းဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်း အမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုးရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွှတ် ပေးကြဖို့ ပန်ကြားလိုပါတယ်” ဟု ဆလိုင်းအိုက်ဇက်ခင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဓာတ်ပုံ- ဟားခါးမြို့ပြစီမံကိန်းနေရာချထားပေးမှုများအား ဧပြီလ ၅ ရက် သွားရောက်စစ်ဆေးနေစဉ်။

ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှုတ်ထွက်မှုသည် သမ္မတ ဦးဝင်းမြင့် တာဝန်ယူခဲ့သည့်အစိုးရသက်တမ်း၌ ပထမဆုံးဝန်ကြီးအပြောင်းအလဲဖြစ်သည်။

ယင်းအပြင်း အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်များ ၊ ပြည်ထောင်စုဝန်ကြီး အချို့ကို ရာထူးအပြောင်းအလဲများ ပြုလုပ်မည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

သမ္မတ ဦးထင်ကျော်လက်ထက်တွင်လည်း ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီး တစ်ဦး ၊  ၀န်ကြီးချုပ် နှစ်ဦး ၊ ပြည်နယ် နှင့်တိုင်းဒေသကြီး ၀န်ကြီးများအား အပြောင်းအလဲပြုလုပ်ခဲ့သည်။

ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်မှ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  ဧက ၁၀၀ ကွက်သစ်အတွင်း မိုးမကျမီ မြေထိန်းနံရံ၊ ရေနှုတ်မြောင်း၊ ရေပြွန်များ အချိန်မီ တည်ဆောက် ထားနိုင်ရေး၊ ခွင့်ပြုချက်မဲ့ လုပ်ငန်းဆောင်ရွက်နေသူများအား ဥပဒေနှင့်အညီ တားမြစ် အရေးယူ ဆောင်ရွက်သွားရေး၊ မိုးမကျမီ နောက်ထပ် အိမ်မြေကွက် အနည်းဆုံး ၅၀၀ ဖော်ထုတ် ချထားပေးနိုင်ရေးများ ပါဝင်နေသည်။