Post Malone ၏ အယ်လ်ဘမ်အသစ်ကို တွစ်တာမှတဆင့် ချီးကျူးခဲ့သည့် ဂျက်စတင်ဘီဘာ

Post Malone ၏ အယ်လ်ဘမ်အသစ်ကို တွစ်တာမှတဆင့် ချီးကျူးခဲ့သည့် ဂျက်စတင်ဘီဘာ

 

ကနေဒါနာမည်ကြီးအဆိုတော် ဂျက်စတင်ဘီဘာနှင့် အမေရိကန်ရက်ပ်အဆိုတော် Post Malone တို့သည် အလွန်ကိုရင်းနှီးခင်မင်ကြသော အနုပညာညီနောင်များဖြစ်ကြပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲများ၌လည်း အတူတကွ ဖျော်ဖြေတင်ဆက်ခဲ့ဖူးကြသူများဖြစ်သည်။

ဒါ့အပြင် ပြီးခဲ့သောဧပြီလကကျင်းပခဲ့သည့် Coachella ဂီတပွဲတော်၌လည်း သူတို့နှစ်ဦးစတိတ်စင်နောက်၌ ပျော်ရွှင်နေကြသည်ကိုလည်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယခုအခါတွင် ဂျက်စတင်ဘီဘာသည် သူ၏ ညီငယ်လိုခင်မင်ရသော Post Malone ၏ သီချင်းအယ်လ်ဘမ်အသစ်ကို တွစ်တာမှတဆင့် ချီးကျူးထောပနာ ပြုခဲ့သည်။

ဂျက်စတင်ဘီဘာက ဗုဒ္ဓဟူးနေ့တွင် သူ၏တွစ်တာပေါ်၌ Malone ၏ အယ်လ်ဘမ်အသစ်ဖြစ်သော Beerbongs & Bentleys သည် အလွန်ကောင်းမွန်သော တေးအယ်လ်ဘမ်ဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။

“ကျနော့်ရဲ့ညီငယ်လေး Post Malone ရဲ့သီချင်းအယ်လ်ဘမ်အသစ်ကြောင့် သူ့အတွက် ကျနော်ဂုဏ်ယူမိပါ တယ်” ဟုဆိုကာ ဘီဘာက တွစ်တာပေါ်၌ ရေးခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၂၇ ရက်နေ့ကထွက်ရှိခဲ့သော Post Malone ၏ Beerbongs & Bentleys သီချင်းအယ်လ်ဘမ်သည် ဝေဖန်ရေးဆရာများ၏ ချီးကျူးမှုများကိုရရှိထားသလို ရောင်းအားလည်းအထူးကောင်းမွန်ခဲ့ပြီး Billboard ၏ အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှရပ်တည်နိုင်ရန် ရေပန်းစားလျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly