ရန်ကုန် သြဂုတ် ၂၉ ။ ။ ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ဟားခါးလေးကျေးရွာအတွင်း ရေဝင်နွံ့နစ်မြုပ်မှုအတွင်း သေဆုံးပျောက်ရှသူတစ်ဦး တစ်ယောက်မှမရှိကြောင်း ဖလမ်းခရိုင်အထွေထွေ အုပ်ချုပ်ရေးမှုးက သြဂုတ် ၂၉ရက်တွင် မဇ္ဈိမကို အတည်ပြုသည်။
"အပြင်မှာ သေတယ်ဘာညာပြောနေတာက ကောလဟာလတွေပါ။ ရေမျောတယ်ဆိုတဲ့ ၂ဦးကလည်း ပြန်တွေ့တယ်။ သေဆုံးသူတစ်ဦးမှမရှိပါဘူး။ လူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ထား ပါတယ်" ဟု ၎င်းကဆိုသည်။
သြဂုတ်လ ၂၈ရက် နံနက် ၂နာရီခန့် ဟားခါးလေးကျေးရွာဘေးရွာ နတ်မြောင်းချောင်းအတွင်း နွံ့ထုများပါသည့်ရေများရုတ်တရက်စီးဝင်ကာ ရေကြီးမှုမှတစ်ဆင့် ဟားခါးလေးကျေးရွာ အတွင်းနွံ့ပါသည့်ရေများ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဟားခါးလေးကျေးရွာ အတွင်းရှိ နေအိမ် ၅၉လုံး နွံ့ထူသည့်ရေများဖုံးလွှမ်းကာ ၃၈လုံးမှာ လုံးဝပျက်ဆီးခဲ့ပြီး လူဦးရေ ၃၁၀မှာရေဘေး ဒုက္ခသည်များအဖြစ် ဟားခါးလေးဘုန်းတော်ကြီး ကျောင်းတွင် ကယ်ဆယ်ထားရသည်။