သရုပ်ဆောင်လောကထဲ ပြန်ဝင်လာတဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင်လောကထဲ ပြန်ဝင်လာတဲ့ ထက်ထက်မိုးဦး

 

ရန်ကုန်၊ ဧပြီ ၁၉ ။                          ။ ရုပ်ရှင်နှင့် ကြောငြာပေါင်းများစွာရိုက်ကူးထားသည့် သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦးသည် ရုပ်ရှင်လောကထဲသို့ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ရှန်ဂရီလာဟိုတယ်တွင် ဧပြီလ ၁၉ရက်နေ့၌ ပြုလုပ်ခဲ့သည်။

ထက်ထက်မိုးဦးသည် မကြာမှီရုံတင်မည့် ရှယ်ချွေးမ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါ၀င်သရုပ်ဆောင်ထားပြီး နောက်ပိုင်းတွင် ရာဇဝင်ကားများကိုလည်း ရိုက်ကူးရန် စိတ်ဝင်စားနေသည်ဟု ဆိုသည်။

"သူများမကောင်းဘူး ကိုယ်ကောင်းတယ် ။ကိုယ်ကကောင်းတယ် သူများမကောင်းဘူး။ ဒီလိုမျိုးတွေလဲလျှောက်ပြီးမပြောချင်ပါဘူး။ ဒါတွေကလဲထားပါလေ အကောင်းဆုံးဖြစ်အောင်လို့ပဲ ထက်ထက်ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အနုပညာကိုဖြတ်သန်းသွားပါ့မယ်လို့ပဲ ပြောပါမယ်။ ကျေးဇူးတင်ပါတယ်"ဟု သရုပ်ဆောင် ထက်ထက်မိုးဦးက ပြောသည်။

နိုင်ငံတကာအဆင့်မှီစက်ပစ္စည်းများ လိုအပ်ချက်ကိုမပြောလိုဘဲ ဇာတ်လမ်းကောင်းပြီး ကိုယ့်အတွက် မှတ်တရကျန်မည့်ဇာတ်ကားများကို ရွေးချယ်ရိုက်ကူးသွားမည်ဟု ဆိုသည်။

"သူက မွေးရာပါ ရုပ်ကလေးချစ်စရာကောင်းသလောက် အနုပညာအလွန် poor ဖြစ်ပါတယ်။ အနုပညာအလွန်အားနည်းပါတယ်။ အားနည်းပေမယ့်အနုပညာဆိုတာကို လူတွေနားလည်တာနဲ့ကျွန်တော်နားလည်တာကွာခြားချက်လေးပြောပြမယ် ။ အဖန်တလဲလဲလေ့ကျင့်ခြင်းသည် ပါရမီမည်၏တဲ့ practice make perfect လေ့ကျင့်ပါများလာတော့တော်သွားတယ်။ လောကဓံတရားတွေကသူ့ကိုရိုက်ခတ်လာတယ်။ လောကဓံတရားတွေရိုက်ခတ်အောင်လည်းသူကလုပ်ခဲ့တယ်။ အဲဒီအတွက်သူ့ဘဝမှာ သူ့မျက်နှာမှာ rich ဖြစ်လာတယ်။ အင်မတန်ချမ်းသာကြွယ်ဝလာတယ်။ ဘာချမ်းသာလဲဆို အနုပညာချမ်းသာလာတယ် ။ အဲဒီချမ်းသာတဲ့အနုပညာကို ဒီအချိန်မှာမှန်ကန်အောင်အသုံးချဖို့လိုပြီလို့ ကျွန်တော်ဒီအချိန်မှာပြောချင်ပါတယ်"ဟု ၄င်း၏ဆရာဖြစ်သူ ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောခဲ့သည်။

ထို့အပြင် အနုပညာအလုပ်လုပ်ကိုင်သည့်အခါတွင် ချိုးနိမ်ဆက်ဆံတက်ရန်၊ စကားမမှားရန်နှင့် မာန်မာနမထားရန် ၄င်းက ဆက်ပြောခဲ့သည်။

သရုပ်ဆောင်ထက်ထက်မိုးဦးသည် ၄င်း၏ ပထမဦးဆုံးအကယ်ဒမီကို ၁၉၉၆ခုနှစ်တွင် ပန်းသခင် ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၄င်းနောက်တွင် ကြောငြာများစွာတွင် ပါ၀င်ရိုက်ကူးခဲ့မှုကြောင့် ကြောငြာဘုရင်မအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြော်ငြာအများဆုံးရိုက်ကူးခဲ့သည့် ကြောငြာမင်းသမီးအဖြစ် သရုပ်ဆောင် ထက်ထက်မိုးဦးသည် ယခုအချိန်အထိ မှတ်တမ်းဝင်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly