ဧရာဝတီတိုင်း ဖျာပုံအနီး၌ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ဧရာဝတီတိုင်း ဖျာပုံအနီး၌ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်

ရန်ကုန် ၊ ဧပြီ ၁၈ ။           ။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီးတွင် အင်အား ၄.၂ ရစ်(ခ်)တာစကေး အဆင့် အင်အားအနည်းငယ် ရှိသည့် ငလျင်တစ်ခု ယနေ့ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီ ၂၅ မိနစ်အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။

အဆိုပါငလျင်သည် ဖျာပုံမြို့ အရှေ့-အရှေ့တောင်ဘက် ၃၅ မိုင်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် အနက် ၁၀ ကီလိုမီတာအကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယင်းငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်နေထိုင်သူများကပါ သိသာစွာ ခံစားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယခုလပိုင်းအတွင်း အင်အားအနည်းငယ်ရှိ ငလျင်ငယ်များ မကြာခဏဆိုသလို လှုပ်ခတ်မှုများ ရှိသော်လည်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှု မရှိသေးပေ။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၅ မိနစ်၊ ၄၂ စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်ဘက် (၄၆)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖျာပုံမြိ့ု၏ - အရှေ့-အရှေ့ တောင်ဘက် (၃၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly