လိင်တူချစ်သူဟု မိခင်ဖြစ်သူက ဖွင့်ဟပြောဆိုမှုအတွက် ၀မ်းမြောက်၍ ငိုကြွေးမိခဲ့ဟု ဂျေဇီပြောဆို

လိင်တူချစ်သူဟု မိခင်ဖြစ်သူက ဖွင့်ဟပြောဆိုမှုအတွက် ၀မ်းမြောက်၍ ငိုကြွေးမိခဲ့ဟု ဂျေဇီပြောဆို

နာမည်ကြီးအဆိုတော်ဂျေဇီက သူသည် မိခင်ဖြစ်သူက သူမသည်လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်း သူ့ကို ပြောဆိုခဲ့ချိန်တွင် စိတ်သက်သာရာရရှိခဲ့ပြီး ဝမ်းသာ၍ငိုကြွေးမိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

“သူမဟာအခုဆိုရင် ထိန်းချုပ်ဖုံးကွယ်ထားခြင်းကနေ လွတ်မြောက်သွားပြီဖြစ်တဲ့အတွက် ကျနော်သူမအတွက် အရမ်းကိုပျော်ရွှင်မိပါတယ်” ဟု ရက်ပ်ပါကြီးဂျေဇီက Netflix ရုပ်သံအစီအစဉ်တစ်ခုတွင် အစီအစဉ်မှူးဖြစ်သူ ဒေးဗစ်လက်တာမန်းအား ပြောခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍လည်း ဂျေဇီသည် သူ၏နောက်ဆုံးထွက်ရှိထားသော 4:44 အယ်လ်ဘမ်ထဲမှ Smile ဆိုသောသီချင်းထဲ၌ ရက်ပ်စာသားထည့်သွင်းသီဆိုခဲ့သည်။

“မေမေ့မှာ ကလေး ၄ယောက်ရှိပါတယ်။ ဒါပေမယ့်သူမဟာ မိန်းမချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပါတယ်။ သူမ ဟာ လိင်တူခြင်းစိတ်ဝင်စားသူဆိုတာကို အချိန်အကြာကြီး ဖုံးကွယ်ခဲ့ရပါတယ်။ စိတ်ခံစားနာကျင်မှုတွေကို သူမ ခံစားခဲ့ရပါတယ်” ဟု ဂျေဇီကဆိုခဲ့သည်။

“မေမေဟာ သူ့ရဲ့ရင်သွေးတွေကို အရှက်ရမိစေမှာစိုးလို့ သူများပြောစရာဖြစ်မှာစိုးလို့ အချိန်အကြာကြီး ဖုံးကွယ် ခဲ့ရသူပါ” ဟု ဂျေဇီက My Next Guest Needs No Introduction ဆိုသော ရုပ်သံအစီအစဉ်၌ ပြောခဲ့သည်။

ဒါ့အပြင် “သူမကျနော့်ကို သူမရဲ့အဖြစ်မှန်ကို ထုတ်ဖော်ပြောကြားခဲ့ချိန်မှာ ကျနော်ဝမ်းသာလို့ ငိုကြွေးမိခဲ့ပါ တယ်” ဟုလည်း ဂျေဇီက ဆိုခဲ့သည်။ သူ၏မိခင်ဖြစ်သူမှာ လိင်တူချစ်သူဖြစ်ကြောင်းကို ယခင်ကတည်းက သိရှိ ထားခဲ့သော်လည်း မိခင်ဖြစ်သူက လွန်ခဲ့သော ၈ လ ခန့်ကမှ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သူကဆိုခဲ့သည်။

“သူမက ငါတစ်ယောက်ယောက်ကို ချစ်နေမိတယ်ထင်တယ်လို့ မဝံ့တရဲပြောဆိုခဲ့ချိန်မှာ ကျနော်ဝမ်းသာလို့ ငိုကြွေးမိခဲ့ပါတယ်” ဟု ဂျေဇီက အစီအစဉ်မှူးအား ဖွင့်ဟပြောဆိုခဲ့သည်။

ဂျေဇီနှင့်အတူ အင်တာဗျူးထားသော My Next Guest Needs No Introduction ဆိုသည့် ရုပ်သံအစီအစဉ်ကို Netflix ၌ ဧပြီလ ၆ ရက်နေ့တွင် စတင်ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags