မြောင်းမြကြိုးတံတားပြတ်ကျမှု သွားလာရေးအတွက် ဒေသခံများ စိုးရိမ်

မြောင်းမြကြိုးတံတားပြတ်ကျမှု သွားလာရေးအတွက် ဒေသခံများ စိုးရိမ်
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ပုသိမ်၊ဧပြီ ၁ ။           ။ မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် သွားလာရေးအတွက် ဇက်အကြီးတစ်စင်း စီစဉ်ပေးရန် ဒေသခံများက ပြောသည်။

"လူစီးကား ကုန်စည်စီးဆင်းမှုအတွက် ကုန်ကားတွေပေါ့ သွားလာနိုင်ဖို့ တစ်ခုခုတော့ ဖန်တီးသင့်တယ် လိုထင်တယ်၊ ဒီတံတားကြီးကို ပြန်ပြုပြင်ဖို့ ခဲယဉ်းတယ် အချိန်ကာလက ။ လွယ်ကူစွာသွားလာနိုင်ဖို့အတွက် ဇက်တို့ သယ်ယူပို့ဆောင်ရေးတို့ အမြန်ဆုံးဆောင်ရွက် ပေးစေချင်တယ် အဲဒါမှာလည်း အခက်အခဲမရှိအဆင်ပြေနိုင်မှာ”ဟု မြောင်းမြမြို့နေထိုင်သူ ဦးထူးထူးကပြောသည်။

" ကျွန်တော်တို့ဖြစ်စေချင်တာက မြို့နယ်အနေနဲ့ ဇက်အကြီးစားတွေ ဆီကို ထောင်နဲ့ချီသယ်လို့ရတယ် ။ ဇက်တွေလိုပါတယ်" ဟု မြောင်းမြမြို့နယ် ကရုဏရှင်လူငယ်များအဖွဲ့က ဦးဝေလင်းအောင်ကပြောသည်။

လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက " မြစ် အထက်ပိုင်းကော အောက်ပိုင်းရော၊ အန္တရာယ်ကင်းရှင်းရေးလုပ်ထားတယ် ၊ လပွတ္တာခရိုင်နှင့်မြောင်းမြခရိုင်က ရန်ကုန်ဘက်ကို ခရီးသွားမဲ့ကားတွေ သွားလာနိုင်ရေး ဆောင်ရွက်နေပါတယ်၊ ဇက်ကပ်နိုင်မဲ့ လမ်းကြောင်းရှာမယ် ။ ပုသိမ်ဘက်ရော၊ ရန်ကုန်ဘက်ရော လာနိုင်မဲ့ဇက်တွေ ချိတ်နေပါပြီ”ဟု ပြောသည်။

မြောင်းမြကြိုးတံတားပြတ်ကျမှုတွင် ပါရှိသွားသည့် ကုန်တင်ကား နှင့်လူနှစ်ယောက် ကုန်ကားနှင့်အတူ ပြန်လည်ရှာဖွေတွေ့ရှိပြီးဖြစ်ပြီး သေဆုံးနေကြောင်း သိရှိရပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly