ဦးဆောင်မှုအခန်းဏ္ဍတွင် အမျိုးသမီးများ ပါ၀င်လာနိုင်ရန် အများကြီးကြိူးစားရဦးမည်ဟု ဦးနိုင်ငံလင်းပြော

ဦးဆောင်မှုအခန်းဏ္ဍတွင် အမျိုးသမီးများ ပါ၀င်လာနိုင်ရန် အများကြီးကြိူးစားရဦးမည်ဟု ဦးနိုင်ငံလင်းပြော

ရန်ကုန်၊ မတ် ၁၀ ။            ။ လက်ရှိမြန်မာနိုင်ငံ၏ ဦးဆောင်မှုအခန်းဏ္ဍ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်နေရာများ၌ အမျိုးသမီးများ ပါဝင်လာနိုင်ရန် အများကြီး ကြိုးစားဆောင်ရွက်ရ ဦးမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောဆိုလိုက်သည်။

ယနေ့ မတ်လ ၁၀ ရက်နေ့ ရန်ကုန်မြို့ ရှိ မဟာဗန္ဓုလပန်းခြံတွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဂုဏ်ပြူအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

" အမျိုးသမီးတွေ ဦးဆောင်မှုအခန်းဏ္ဍမှာပါဝင်လာဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်လာဖို့ အဓိကဦးဆောင်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေက ဦးဆောင်မှုအခန်းဏ္ဍမှာပါဝင်လာဖို့ဆိုရင် အများကြီးကြိုးစားဆောင်ရွက်ရဦးမှာဖြစ်ပါတယ် " ဟု ဦးနိုင်ငံလင်းကပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ ရာခိုင်နူန်းကျော်မှာ အမျိုးသမီးများဖြစ်သော်လည်း နိုင်ငံရေးအခင်းအကျင်း၌ အမျိုးသမီးပါဝင်နူန်းမှာ ဝန်ကြီးအဆင့်တွင် ၇ ဦး၊ လွှတ်တော်တွင်ပါဝင်မှု ၁၃ ရာခိုင်နူန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၃၃၀ ဦးတွင်အမျိုးသမီးပါဝင်မှုမရှိသေးဘဲ  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတွင်မှု ၈၇ ယောက်ထိရှိ သည်ကို စစ်တမ်းများအရတွေ့ရကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာ သုတေသနစာတမ်းများအမရ ကျား/မ တန်းတူညီမျှမှုကို လျော့ချနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် စီးပွားရေးဖွံဖြိုးတိုး တတ်လာမည်ဟု ဖော်ပြထားကြောင်း ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးကပြောသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် ဂုဏ်ပြူအခမ်းအနား ကို အရပ်ဖက်အဖွဲ့စည်း များ၊ ကွန်ယက်များ၊ အမျိုးသမီးအဖွဲ့အစည်း များ စုစုပေါင်းအဖွဲ့ ၅၀ ခန့်ပူးပေါင်းကာ မဟာဗန္ဓုလပန်းခြံတွင် မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီမှ ည၈နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly