လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် အရေးယူ ဖမ်းဆီးခံရသူအား ပထမအကြိမ် ရုံးထုတ်

လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် အရေးယူ ဖမ်းဆီးခံရသူအား ပထမအကြိမ် ရုံးထုတ်

မကွေး၊ ဇန်နဝါရီ ၃၁ ။              ။ လူမှုကွန်ရက်ပေါ် ရေးသားခဲ့ခြင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားမစွဲဘဲ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် အရေးယူ ဖမ်းဆီးခံရသော မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မြေတိုင်း ၃ တာဝန်ထမ်းဆောင်နေသူ ဦးမျိုးအောင်အား ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နေ့လည်ပိုင်းက မကွေးမြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် မကွေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးနေမျိုးနိင်လက်ထက်က ကန်ရွာလေးကျေးရွာပတ်ဝန်းကျင် ယာမြေများကို ကားကြီးကွင်း တည်ဆောက်ရန် အကြောင်းပြု၍ ဒေသခံ တောင်သူများထံမှ စည်ပင်ငွေဖြင့် ဧက(၃၀)နီးပါး ဝယ်ယူခဲ့ကြောင်း၊ကားကြီးကွင်းအတွက် အမှန်တကယ် အသုံးပြု မြေက ဧက(၁၀.၁၀)သာ မြေစာရင်းမှာ အမည်ပေါက်၍ ကျန် ပိုလျှံမြေများကို နဂိုမူလ တောင်သူများ အား ပြန်မပေးဘဲ တာဝန်ရှိသူများက အကွက်ရိုက် ရောင်းစားခဲ့ကြောင်း ဦးမျိုးအောင်က မကွေးတိုင်း ဒေသကြီးသတင်းစုံနှင့် မကွေးတိုင်းဒေသကြီး ဟစ်တိုင်လူမှုကွန်ရက်စာမျက်နာများ တွင် MYO Aung အကောင့်ဖြင့် ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

စည်ပင်အရာရှိများ၏ ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကြော်ကြားမှုကို ထိခိုက်စေရန် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးအရာရှိ(စီမံဌာန) ဦးအောင်မျိုးသိန်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် မကွေးမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၇ ရက်နေ့က မကွေးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့ခြင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အရေးမယူဘဲ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်သည့် ဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခြင်းသည် မှားယွင်းနေသည်ဟု ယင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly