ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြောင့် လမ်း ခေတ္တပိတ်မည်

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြောင့် လမ်း ခေတ္တပိတ်မည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ။             ။ ၂၀၁၈ ခုနှစ် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကြောင့် ရန်ကုန်မြို့တွင်းရှိ လမ်းကြောင်းတစ်ချို့အား ခေတ္တ လမ်းပိတ်ထားမည်ဟု သိရသည်။

ယင်းပြိုင်ပွဲကို လာမည့် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်းဘေးအန္တရာယ် ကင်းရှင်းရန်  လမ်းတစ်ချို့ကို အပြည့် သို့မဟုတ် လမ်းတစ်ဝက်ပိတ်ထားမည်ဟု ကြေညာထားသည်။

ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မှ သံသုမာလမ်းဆုံ အထိ ကို နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲအထိ၊ ရာဇဓိရာဇ်လမ်း မှ ကမ်းနားလမ်းဟောင်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီအထိ ၊ ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ၊ ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ ပိတ်ထားမည်ဖြစ်သည်။

ယင်းအပြင် ဗညားဒလလမ်း မှ ကျိုက္ကဆံလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ၊ စက်ရုံလမ်း မှ ဗညားဒလလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ၊ ဗဟိုလမ်း မှ ဆေးဝါးလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ၊အောင်သိဒ္ဓိလမ်း မှ မင်းဓမ္မလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ၊ သစ္စာလမ်း (ကန်ဘဲ့) မှ မိုးကောင်းလမ်း အထိ ကို နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ ပိတ်ထားမည်ဖြစ်သည်။

ယာဉ်လမ်းများပိတ်ထားရာတွင်ကားလမ်းမများတွင် ဘလောက်တုံးများချထားကာ လမ်းပိတ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်လမ်းကြောင်းများကို စနစ်တကျ စီမံခန့်ခွဲပေးသွားမည်ဟု ကြေညာထားသည်။

လမ်းပိတ်ထားမည့်အခြေအနေများကို အသေးစိတ်သိရှိလိုပါက ပြိုင်ပွဲ website ဖြစ်သော (http://yomayangonmarathon.com/race-details/) တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲ ကို Yoma Strategic Holdings, First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly