ဘင်္ဂါလီများကို၂ နှစ်အတွင်းအပြီး ပြန်ပို့ရေး ကြိုးစားသွားရန် မြန်မာ - ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂါလီများကို၂ နှစ်အတွင်းအပြီး ပြန်ပို့ရေး ကြိုးစားသွားရန် မြန်မာ - ဘင်္ဂလားဒေ့ရှ် သဘောတူ
ဓာတ်ပုံ - စိုးသူရ

 

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။                  ။ ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်မည့် ဘင်္ဂါလီများကို  ဖြစ်နိုင်ပါက မြန်မာဘက်အခြမ်းသို့ ၂ နှစ်အတွင်းအပြီးပြန်ပို့ရန်  ကြိုးစားရေး  မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မဇ္ဈိမသို့ ပြောသည်။

ဒုက္ခသည်သူများကို ပြန်လည်လက်ခံရေး အစီအစဉ်အသေးစိတ်ကို မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များ၊ ညွှန်ချုပ်အဆင့်များ အချင်းချင်း ဇန်နဝါရီ ၁၅ ရက်တွင်ဆွေးနွေးခဲ့ပြီးနောက် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းစဉ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ကြိုးစားမယ်။ အချိန်ကသတ်မှတ်ထားတာမရှိဘူး။ အချိန်သည် နှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးမှာ သတ်မှတ်သွားမယ်။ ၂နှစ်အတွင်းတော့ ပြီးအောင်တော့ ကြိုးစားမယ်ပေါ့။  ၂ နှစ်အတွင်းမှာ ဖြစ်နိုင်ရင်တော့ကြိုးစားမယ်ပေါ့ “ ဟု၎င်းကပြောသည်။

သို့သော် ၂ နှစ်အတွင်း အားလုံးကိုပြန်ပို့ရန်သဘောတူခြင်းမျိုးမဟုတ်ဘဲ ဖြစ်နိုင်ပါက ၂ နှစ်အတွင်းအပြီးပို့ရန်ကြိုးစားသွားမည်ဟု သဘောတူညီထားခဲ့ခြင်းသာဖြစ်ကြောင်း ဒေါက်တာကိုကိုနိုင်ကဆက်ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှနေရပ်ပြန် ဘင်္ဂါလီဒုက္ခသည် တွေက တစ်ရက်လူ ၃၀၀ နူန်းဖြင့်စတင်ခေါ်ယူမည်ဖြစ်ပြီး ငါးခူရနှင့် တောင်ပြိုလက်ဝဲ စခန်းများတွင် ယာယီထားရှိမည်ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း နှစ်နိုင်ငံချုပ်ဆိုထားသည့် စာချုပ်အရ လာမည့်ဇန်နဝါရီ ၂၃ ရက်တွင်စတင်လက်ခံရမည်ဖြစ်သော်လည်း လက်ရှိအချိန် (ဇန်နဝါရီ ၁၆ ရက်) အထိ မြန်မာနိုင်ငံသို့ ပြန်လာရန်တင်ပြသည့် လျှောက်လွှာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပေးပို့လာခြင်းမရှိသေးကြောင်း ဒေါက်တာကိုကိုနိုင် ကဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီ ၆ သိန်းခန့်ကိုပြန်ပို့မည်ဟုပြောဆိုခဲ့သော်လည်း မြန်မာဘက်မှ ပြန်လည်စီစစ်ရဦးမည်ဖြစ်ပြီး နေရပ်ပြန်ရန် အမှန်တကယ် ဆန္ဒရှိသူများကိုသာလက်ခံသွားမည်ဟု သိရသည်။

ဇန်နဝါရီ နောက်ဆုံးအပတ်တွင် ဒုက္ခသည်များ ပြန်ဝင်လာမည်နှင့် အချိန်ကိုက်ပင် ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်တော့မည်ဟု ARSA အဖွဲ့ ကလည်း ဇန်နဝါရီလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly