လူငယ် အဆိုတော် ရဦးဖြင့် ကျင်းပ ပြုလုပ်မည့် “7 Wave” ဖျော်ဖြေပွဲ

လူငယ် အဆိုတော် ရဦးဖြင့် ကျင်းပ ပြုလုပ်မည့် “7 Wave” ဖျော်ဖြေပွဲ

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။                ။ Mercury- 4 Entertainment မှ စီစဉ်ပြီး ပရိသတ်ကြား အောင်မြင်မှု အသီးသီး ရရှိနေသည့် အဆိုတော် ယောင်္ကျားလေး ၇ ဦး ပါဝင်မည့် “7 Wave” ရှိုးပွဲကို   ဖေဖော်ဝါရီလ ၂ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Event Park တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“7 Wave” ဖျော်ဖြေပွဲတွင် လူငယ်တေးသံရှင်များ ဖြစ်ကြသည့် အဆိုတော် ဖြိုးပြည့်စုံ (Melody World) ၊ အောင်ထက် ၊ ဒေးဗစ်လိုင် (အိပ်မက်ဆုံရာ- ရာသက်ပန်) ၊ စော်လားထော်ဝါး ၊ M ဇော်ရိန် (Myanmar Idol) ၊ ထွန်းနောင်ဆင့် (The X Factor) ၊ နေမင်းအိမ် (Galaxy Star) တို့က ပါဝင် သီဆို ဖျော်ဖြေသွားကြမည် ဖြစ် သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် ပါဝင်သည့် အဆိုတော် ၇ဦးမှ တေးသီချင်း အပုဒ် ၄၀ ဖျော်ဖြေမည် ဖြစ်ပြီး တစ်ဦးချင်းစီ ဖျော်ဖြေမှု ၊ ၇ ဦးပူးပေါင်းပြီး ဖျော်ဖြေမှု ၊ လက်ရှိ အောင်မြင်နေသည့် တေးသီချင်း များဖြင့် ဖျော်ဖြေမည် ဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly