ငပုတောမြို့နယ်တွင် အမျိုးသားဦးရေ ၂၅၀ လျှင် အရက်ဘီယာ တစ်ဆိုင်နှုန်း ဖြစ်နေ

ငပုတောမြို့နယ်တွင် အမျိုးသားဦးရေ ၂၅၀ လျှင် အရက်ဘီယာ တစ်ဆိုင်နှုန်း ဖြစ်နေ
ဓာတ်ပုံ - မျိုးပြည့်သင်း

 

ငပုတောမြို့နယ်တွင် အမျိုးသားဦးရေ ၂၅၀ လျှင် အရက်ဘီယာ တစ်ဆိုင်နှုန်း ဖြစ်နေပြီး အရက်ကြောင့် မှုခင်းများဖြစ်ပွားနေခြင်းကြောင့်  လိုင်စင်မရှိ အရက်ဆိုင်များ စိစစ်ကြပ်မတ်ပေးရန်  ကိုယ်စားလှယ်များက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းအစိုးရသို ့တောင်းဆိုခဲ့သည်။

လက်ရှိတွင် ယင်းမြို့နယ်၌ တရားဝင် ယစ်မျိုးလိုင်စင်ချထားပေးသော ဆိုင်ပေါင်း ၄၃၀ ကျော်ရှိနေကြောင်း သိရသည်။ 

“မှုခင်းတွေရဲ့ တဝက်ကျော်ဟာလည်း အရက်နဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ငပုတောမြို့နယ်အတွင်းမှာ ယစ်မျိုးလိုင်စင်ချထားပေးတဲ့ ဆိုင်ပေါင်း ၄၃၀ ကျော်ရှိပါတယ်၊ဒါဟာ အလွန်စိုးရိမ်ဖွယ်များပြားတဲ့ ပမာဏပါ။ ဘာကြောင့်လဲဆိုရင် ငပုတောမြို့နယ်က အသက်၁၅ နှစ်အထက် ယောကျာင်္းလေးဦးရေနဲ ့ယစ်မျိုးလိုင်စင်ချ ပေးတဲ့ အရက်ဘီယာဆိုင်အရေအတွက်ကို အချိုးချတဲ့အခါ ၂၅၀ကျော်ကို အရက်ဘီယာဆိုင် တစ်ဆိုင်နှုန်း ရှိနေပါတယ်။ တရားဝင်လိုင်စင် ချထားတဲ့စာရင်းတွေအရပါ။ တရားမဝင်လိုင်စင်များ ၊ လိုင်စင်မရှိဘဲ ရောင်းချနေတဲ့ဆိုင်တွေလည်း ရှိပါသေးတယ်"ဟု  ငပုတောမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ က လိုင်စင်ရှိ၊ လိုင်စင်မရှိ အရက်ဆိုင်များစိစစ်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ခုနှစ်၌ အရက်ကြောင့် ဖြစ်သော လူသတ်မှု ၅၂မှု၊ မှုဒိမ်းမှု ၁၁၁၆ မှုတွင် အရက်ကြောင့် ၁၇မှု၊ ယာဉ်တိုက်မှု ၁၆၉၃ မှုတွင် အရက်ကြောင့် ၃၀၅ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လူသတ် မှု ၁၆၄ မှုတွင် အရက်ကြောင့် အမှု ၆၀၊ မုဒိမ်းမှု ၁၈၉ မှုတွင် အရက်ကြောင့်၂၃ မှု၊ ၊ယာဉ်တိုက်မှု ၁၉၅၅ မှုတွင် အရက်ကြောင့် ၄၇၅ မှု၊ ၂၀၁၇ ခုနှစ်တွင် လူသတ်မှု ၁၅၃ မှုတွင် အရက်ကြောင့် ၄၅ မှု၊ ၊ မုဒိမ်းမှု ၂၃၆ မှု တွင် အရက်ကြောင့်၂၂ မှု နှင့်ယာဉ်တိုက်မှု ၁၉၅၈ မှုတွင် အရက်ကြောင့် ၄၂၈ မှု ပါရှိကြောင်း ညောင်တုန်း မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ဆန်းက ထောက်ခံဆွေးနွေးခဲ့သည်။

ထို့ပြင် လိုင်စင်အတည်ပြုဖွင့်လှစ်ခွင့်ပြုထားသော ဆိုင်တည်နေရာ ဖော်ပြချက်များသည်  အမှန်တကယ် ဖွင့်လှစ်ထားသော တည်နေရာများနှင့် ကွဲလွဲမှုများ ရှိနေကြောင်း တွေ့ရှိရသည်ဟု လိုင်စင်ရှိ၊ လိုင်စင်မရှိ အရက်ဆိုင်များစိစစ်ရေးနှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

”ယစ်မျိုးဥပဒေပုဒ်မ ၁၉ အရ နယ်မြေဧရိယာတစုံတရာတွင် တဦးတည်း ချက်လုပ်ခွင့်၊ ရောင်းချခွင့် ပြုထားပါ သည်၊ လိုင်စင်ဆောင်ထားသူပင်လျှင် အခြားနေရာဒေသတစ်ခုတွင် ရောင်းချခွင့် မရှိပါ၊ အထက်ဖော်ပြပါ အတိုင်း လိုင်စင်အား တဆင့်ရောင်းချခြင်း၊ ငှားရမ်းခြင်းအား သက်ဆိုင်ရာတာဝန်ရှသူများမှ စနစ်တကျ စိစစ်အရေးယူမှု အားနည်းနေခြင်းကြောင့် ရွာတိုင်းလိုလိုမှာ အရက်ဆိုင်များ ပေါ်ပေါက်လာခြင်း လည်း ဖြစ်ပါတယ်၊၊ ဒေသခံပြည်သူများက သက်ဆိုင်ရာတာဝန်ရှိသူများထံတိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ မျက်ကွယ်ပြုနေမှုများကို ပြည်သူများထံမှ ကြားသိနေရပါတယ်”ဟု သာပေါင်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခင်မိုးဝါကလည်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးထား သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား လိုင်စင်မဲ့အရက်ဆိုင်များနှင့် လိုင်စင်ရှိပြီး လိုင်စင် စည်းကမ်းနှင့် မညီညွတ် သော အရက်ဆိုင်များ၊လိုင်စင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို ့တိတိကျကျ ညွန်ကြားပေးနိုင်ပါရန် တိုက်တွန်းကြောင်း အဆိုအား ညောင်တုန်း မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်နီနီမိုးက နမဝအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား လိုင်စင်မဲ့အရက်ဆိုင်များနှင့် လိုင်စင်ရှိပြီး လိုင်စင် စည်းကမ်းနှင့် မညီညွတ် သော အရက်ဆိုင်များ၊လိုင်စင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ   ပြုလုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသို ့တိတိကျကျ ညွန်ကြားပေးနိုင်ပါရန် တိုက်တွန်းကြောင်း အဆိုအား ညောင်တုန်း မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်နီနီမိုးက နမဝအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly