ထိုင်းနိုင်ငံ၌ ခြေလျင်ခရီးထွက်နေစဉ် မြွေကိုက်ခံခဲ့ရသည့် မင်းသမီးလင်ဒ်ဆေးလိုဟန်

ထိုင်းနိုင်ငံ၌ ခြေလျင်ခရီးထွက်နေစဉ် မြွေကိုက်ခံခဲ့ရသည့် မင်းသမီးလင်ဒ်ဆေးလိုဟန်

Ref: Enews ၊ ဒီဇင်ဘာ ၂၉

အမေရိကန်မင်းသမီး လင်ဒ်ဆေးလိုဟန်က သူမသည် ထိုင်းနိုင်ငံ၌ ခြေလျင်ခရီးထွက်နေခဲ့စဉ်က မြွေကိုက်ခံခဲ့ရ ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ မင်းသမီးသည် ကြာသာပတေးနေ့က သူမ၏ အင်စတာဂရမ်၌ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး မြွေကိုက်ခံရသော သူမ၏ခြေထောက်ကိုပြ၍ ပရိသတ်များကို အသိပေးခဲ့သည်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဖူးကတ်ကျွန်း၌ ရောက်ရှိနေကြောင်းကိုလည်း ပရိသတ်များအား လူမှုမီဒီယာမှတဆင့် အသိပေးခဲ့သည်။

“ကျမဒီနေရာလေးကို ချစ်ပါတယ်။ အရမ်းလည်းလှပါတယ်။ အံ့သြဖို့ကောင်းတဲ့နေရာလေးပါပဲ။ မြွေကိုက်ခံရ တာလေးတစ်ခုကလွဲလို့ပေါ့” ဟု သူမက ပြောဆိုခဲ့သည်။

ဒါ့အပြင် အင်စတာဂရမ်၌တင်ခဲ့သော ဒုတိယမြောက်ဗီဒီယိုထဲ၌ လင်ဒ်ဆေးလိုဟန်က သူမ၏ပရိသတ်များအား “ကျမ ထိုင်းနိုင်ငံ ဖူးကတ်ကျွန်းမှာပဲ ရှိနေပါသေးတယ်။ ဒီမှာအရမ်းကိုလှပပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့တစ်ရက် က ခြေလျင်ခရီးထွက်နေတုန်း ကျမ မြွေကိုက်ခံခဲ့ရပါတယ်” ဟု ပြောဆိုခဲ့သည်။

မြွေကိုက်ခံခဲ့ရသော်လည်း သူမသည် အခြေအနေကောင်းကြောင်း ပရိတ်သတ်များအား အသိပေးခဲ့သည်။

လင်ဒ်ဆေးလိုဟန်သည် သူမ၏ခရစ္စမတ်အားလပ်ရပ်ကာလကို ထိုင်းနိုင်ငံ၌ ကုန်ဆုံးနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly