အစိုးရထောက်ပံ့ခွင့်ပြုငွေများကို သေချာစီစစ်ရန် အဆိုအား မေးခွန်းအဖြစ်သာ တိုင်းလွှတ်တော် ခွင့်ပြု

အစိုးရထောက်ပံ့ခွင့်ပြုငွေများကို သေချာစီစစ်ရန် အဆိုအား မေးခွန်းအဖြစ်သာ တိုင်းလွှတ်တော် ခွင့်ပြု
ဓာတ်ပုံ - Facebook

မြို့နယ်များ၊ လအလိုက် ကျင်းပသည့် ပွဲတော်ပြပွဲ၊ပြိုင်ပွဲ အခမ်းအနားများတွက် အစိုးရ ထောက်ပံ့ခွင့်ပြုငွေများကို ပွင့်လင်းမြင်သာ စီမံဆောင်ရွက်ရန်၊ တိုင်းအစိုးရ သေချာစိစစ်ကြပ်ပေးရန် အဆိုအား မေးခွန်းအဖြစ်သာ လွှတ်တော်က ခွင့်ပြုကြောင်း သိရသည်။ 

ညောင်တုန်းမြို့နယ်၊တိုင်းဒေသကြီးကိုယ်စားလှယ်  ဒေါ်နီနီမိုးက ဒီဇင်ဘာလ၂၂ ရက်နေ ့တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

”အစိုးရက  မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနများကို ဘတ်ဂျက်ခွဲဝေချထားပေးတာ တစ်မြို့နယ်တည်း မဟုတ်တဲ့အတွက် ဧရာဝတီတိုင်း ၂၆မြို့နယ်နဲ ့သက်ဆိုင်လို့ ၁၀ ရက်၊ ၁၀ လထဲက အဆိုဖြင့်တင်သွင်းခဲ့တာပါ ။ အဆိုမေးခွန်းဆိုင်ရာ ညိနှိုင်း ၁၁/၂၀၁၇ ဆုံးဖြတ်ချက်အရ အဆိုအဖြစ် တင်သွင်းရန်မလိုအပ်သောကြောင့် ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြောင်းလဲမေးမြန်းရန် အကြောင်းကြားလာလမှုကြောင့် ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြောင်းလဲမေးမြန်းရကြောင်း " ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်နီနီမိုးက  လွှတ်တော်တွင် ပြောသည်။ 

မေးခွန်းတွင် " အစိုးရသစ်လက်ထက် ၂၀၁၇ခုနှစ်ဇန်နဝါရီလ မှ စတင်ပြီး လအလိုက် ကျင်းပပြုလုပ်သည့် ပွဲတော်များ၊ပြိုင်ပွဲများနှင့် အခြားအခြားသော အခမ်းအနားများကျင်းပပြုလုပ်နိုင်ရန် ပြည်သူလူထုများ ဌာနဆိုင်ရာများ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် တိုင်းဒေသကြီးအစိုးရမှတစ်မြို့နယ်ကို သိန်းပေါင်း ၁၉၁၅၀၀၀၀ကျပ်နှုန်း( သိန်း ၁၉၀ ကျော်) နှင့် ဧရာဝတီတိုင်း ၂၆မြို့နယ်လုံးကို တန်းတူချထားပေးသော ခွင့်ပြုငွေဖြစ်ပါတယ် " ဟု ကိုယ်စားလှယ်က ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် ခွင့်ပြုငွများထဲမှ သုံးစွဲခြင်းမရှိခဲ့သော လုပ်ငန်းတစ်ချို့အား ထောက်ပြပြောဆိုခဲ့သည်။

" ဇန်နဝါရီ ပေးငွေ ၁၆ သိန်းပေးထားသော်လည်း လွတ်လပ်ရေးနေ ့အားကစားပြိုင်ပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ငွေကျပ်သုံးသိန်းသာဆုချီးမြှင့်ခဲ့တာကို သိရပြီး ကျန်တာကို ပြည်သူနဲ့ ဌာနဆိုင်ရာများမှ အလှူခံရရှိသော ငွေများနှင့်ပြုလုပ်ခဲ့ကြရပါသည်၊ဧပြီလအတွက် ၃၁သိန်းခွဲတမ်းရရှိရာမှာ မဟာသင်္ကြန်အခမ်းအနားအတွက် တစ်မြို့နယ်လကို ၂၀သိန်းရရှိသည်ဟု စာရင်းအရသိရှိသော်လည်း မဟာသင်္ကြန်အခမ်းအနားကို ပြည်သူများထည့်ဝင်ငွေနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၏ ရန်ပုံငွေများဖြင့်ပြုလုပ်ခဲ့ကြရပါသည်၊

မည်သည့်ထောက်ပံ့မှုတပြားတချမ်မှမရရှိပါ၊ဇူလိုင်လ သိန်း၄၀ခွဲတမ်းရရှိပါတယ်၊ သို့ရာတွင် အာဇာနည်နေ ့အခမ်းအနားကို ဌာနဆိုင်ရာဝန်ထမ်းများ၏ ရန်ပုံငွေနှင့် စည်ပင်သာယာရေးကော်မတီ မှ ဦးစီးကျင်းပခဲ့ရပါသည် မည်သည့်ထောက်ပံ့မှုမှ မရရှိပါဘူးရှင် ”ဟု ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်နီနီမိုးက ထောက်ပံ့ငွေကြေးသုံးစွဲမှုအား တိုင်းဒေသကြီးလွှတ်တော်သို ့တင်ပြဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီး ၀န်ကြီးဦးဝင်းဌေးက ပြန်လည်ဖြေဆိုရာတွင် “ညောင်တုန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်  ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးမှ ခွဲဝေချထားပေးသော ရန်ပုံငွေများဖြင့် လအလိုက်ကျင်းပသော ပွဲတော်များ ပြိုင်ပွဲများနှင့် အခမ်းအနားများကျင်းပရာ ကဏ္ဍာအလိုက် ဆပ်ကော်မတီများဖွဲ ့စည်းပြီး စနစ်တကျသုံးစွဲဆောင်ရွက်လျက်ရှိပါတယ်၊ခွင့်ပြုငွေကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီသုံးစွဲပြီး ရန်ပုံငွေရရှိမှုသုံးစွဲမှုအား မြို့နယ်စာရင်းစစ်ချုပ်ရုံးရဲ့ ညွှန်ကြားချက်နှင့်အညီ စနစ်တကျဆောင်ရွက်ထားပါကြောင့်နှင့် ခြောက်လတစ်ကြိမ် စာရင်းစစ်မှုများလည်းရှိပါတယ်”ဟု ပြန်လည်ဖြေဆိုခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများဆုချီးမြင့်သည်အခမ်းအနားတွင် ဂုဏ်ထူုးအလုံးရေများပြားသည် အတွက် သိန်းရ၀ကျော်ကုန်ကျခဲ့တယ်၊မြို့နယ်စီမံကော်မတီ အစည်းအဝေးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျပ် သိန်း၂၀ လှူဒါန်းပေးခဲ့ပါတယ်၊ကျန်ရှိနေသောငွေအား ပညာရေးဝန်ထမ်းများ၏ရန်ပုံငွေမှရရှိသော ငွေနှင့်မြို့နယ်မှရရှိသေ ရန်ပုံငွေတို့နှင့်ပြုလုပ်ခဲ့ရပါတယ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်ကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ရန်အတွက် ၃၅သိန်းအား အစိုးရမှချထားပေးသည်ဟု ပွင့်လင်းမြင်သာစွာမချပြဘဲ မြို့နယ်ထွေအုပ်ရုံးမှ လှူသည့်ပုံစံမျိုးဖြင့်သာ သိန်း၂၀အားပေးခဲ့ခြင်းဖြစ်ကြောင်းကို ယင်း ကိုယ်စားလှယ်က ဆက်လက်တင်ပြဆွေးနွေးခဲ့သည်။

၀န်ကြီးဖြေဆိုမှုအား ကိုယ်စားလှယ် ထပ်ဆင့်မေးခွန်းမေးမြန်းရာ“အခမ်းအနားတစ်ခုလုပ်မယ်ဆို အစည်းအဝေးတစ်ရပ်ကိုခေါ်ရပါတယ် ကျွန်မတို ့ကိုယ်စားလှယ်တွေကစိုက်ထုတ်ပြီး တစ်သောင်းလှူမယ်နှစ်သောင်းလှူမယ်ဆိုမှဌာနဆိုင်ရာ ဦးစီးမှူးတွေက အလှုငွေစိုက်ထုတ်လုပ်ရတာပါ သူတို ့ပြောတဲ့စာရင်းဆိုတာလည်း အမှန်မဟုတ်ပါဘူး သူတို ့ပြောတဲ့စာရင်းဆိုတာ ကျွန်မအတိအကျလိုချင်ပါတယ်”ဟု မြို့နယ်ထွေအုပ် ပွဲများပြိုင်ပွဲများ အခမ်းအနားများပတ်သက်သည် အသုံးစရိတ်စာရင်းပေးရန်တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly