ကိုယ်ဝန်လွယ်ထားရပြီဟု အတည်ပြုခဲ့သည့် ကလိုဝီကာဒါရှန်း

ကိုယ်ဝန်လွယ်ထားရပြီဟု အတည်ပြုခဲ့သည့် ကလိုဝီကာဒါရှန်း
 

 

ရင်ဘတ်အထက်ပိုင်းသာ ဖော်ပြထားသော ဓာတ်ပုံများနှင့် ပွယောင်းသောဝတ်စုံများကိုသာ ၀တ်ဆင်ထားပုံ အား မြင်တွေ့ရသည့် ဓာတ်ပုံများကြောင့် လူအများက လပေါင်းများစွာကြာအောင် ခန့်မှန်းချက်အမျိုးမျိုးထုတ်ခဲ့ အပြီးတွင် ကလိုဝီကာဒါရှန်းက သူမသည် အတူနေချစ်သူ တရစ္စတန်သွမ်ဆန်နှင့်အတူရရှိထားသည့် ကိုယ်ဝန် ကို လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ကလိုဝီကာဒါရှန်းသည် နာမည်ကြီး Cleveland Cavaliers ဘတ်စကတ်ဘောအသင်းမှ ကစားသမားဖြစ်သော သူမ၏ချစ်သူ တရစ္စတန်သွမ်ဆန်က သူမအားအနောက်မှနေ၍ ကိုယ်ဝန်လွယ်ထားသော သူမ၏ဗိုက်ကို သိုင်းဖက်ထားသောဓာတ်ပုံအား ဒီဇင်ဘာလ ၂၀ရက်နေ့တွင် သူမ၏အင်စတာဂရမ်၌ တင်ခဲ့ပြီး “ကျမရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ” ဟု စာရေးသားကာ ပရိသတ်များကို အသိပေးခဲ့သည်။

“ကျွန်မတို့ရဲ့အချစ်တွေကနေ ဘဝလေးတစ်ခု ဖန်တီးနိုင်ခဲ့တယ်ဆိုတာကို ကျွန်မဖြင့် မယုံနိုင်သေးပါဘူး။ တရစ္စတန်ရေ..ရှင်ကျွန်မကို ချစ်နေတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မကို ဘုရင်မတစ်ဦးလို သဘောထားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခြေအနေအားလုံးမှာ ကျွန်မကို ကောင်းမွန်တဲ့ခံစားချက်တွေပေးတဲ့ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ဒါတွေအားလုံးထဲကမှ ကျွန်မကို မိခင်တစ်ဦးဖြစ်အောင် ဖန်တီးပေးတဲ့ရှင့်ကို ကျေးဇူးအတင် ဆုံးပါပဲ တရစ္စတန်ရေ” ဟု ကလိုဝီက ဆက်လက်ရေးသားခဲ့သည်။

ကလိုဝီ၌ ကိုယ်ဝန်ရှိနေပြီဆိုသော ကောလဟာလသတင်းများသည် လွန်ခဲ့သောစက်တင်ဘာလက People မဂ္ဂဇင်းမှ ဖော်ပြခဲ့အပြီးတွင် စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

ကလိုဝီနှင့် တရစ္စတန်တို့သည် လွန်ခဲ့သော ၂၀၁၆ခုနှစ် စက်တင်ဘာလက စတင်လက်တွဲခဲ့ကြပြီး တရစ္စတန် သည် သူ၏ရည်းစားဟောင်းဖြစ်သူ ဂျော်ဒန်ခရိတ်ခ်နှင့်အတူ ၁ နှစ်အရွယ်ရှိ ပရင့်စ်သွမ်ဆန်ဆိုသော သားယောင်္ကျားလေးတစ်ဦး ရရှိထားခဲ့သည်။

Ref: Billboard

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly