ဆိုးလ်၊ သြဂုတ် ၂၀ ။ ။ တောင်ကိုရီးယားမင်းသား ကင်ဝူဘင်းနှင့် Miss A အဖွဲ့မှ ဆူဇီတို့သည် မကြာမီ ထုတ်လွှင့်ပြသ မည့် Uncontrollably Fond ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွား မည်ဖြစ်ကြောင်း အတည်ပြု သည်။
ကလေးဘဝက ပြိုi်ဘက်များဖြစ်ပြီး ထိပ်တန်းကြယ်ပွင့်နှင့် ရုပ်ရှင်ထုတ်လုပ်သူ အဖြစ် ပြန်လည်တွေ့ဆုံခဲ့သူနှစ်ဦး၏ ချစ်ကြည်နူးဖွယ် အကြောင်းကို ပုံဖော်ရိုက်ကူးမည့် ဒရမ်မာ ဇာတ်ကား ဖြစ်ပြီး အဆိုပါဇာတ်ကားကို ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်သွားမည် ဖြစ်သည်။
ဇာတ်ညွန်းကို Nice Guy၊ Thank You၊ I’m Sorry နှင့် I Love You ကဲ့သို့သော လူကြိုက် များသည့် ဇာတ်ကားမျာဖြင့် နာမည်ကျော်ခဲ့သော ဇာတ်ညွန်းရေးဆရာမ လီကျန်ဟီးက ရေးသားထားသည်။
ကင်ဝူဘင်းသည် အောင်မြင်ကျော်ကြားသော စူပါစတား ရှင်ဂျွန်ယောင်အဖြစ် သရုပ်ဆောင် သွားမည်ဖြစ်ပြီး ဆူဇီသည် ရုပ်ရှင်ထုတ်လုပ်သူ နိုအဲလ်အဖြစ် သရုပ်ဆောင်သွား မည်ဖြစ်သည်။
အဆိုပါဇာတ်ကားသည် သုံးနှစ်အတွင်း ၎င်းတို့နှစ်ဦး ပထမဆုံးအကြိမ် ပြန်လည်သရုပ်ဆောင် မည့် ဒရမ်မာဇာတ်ကား ဖြစ်လာမည် ဖြစ်သည်။ ကင်ဝူဘင်း၏ နောက်ဆုံးသရုပ်ဆောင်ခဲ့သည့် ဒရမ်မာ ဇာတ်ကားမှာ ၂၀၁၃ ခုနှစ်က The Heirs ဇာတ်ကားဖြစ်ပြီး ဆူဇီ၏ နောက်ဆုံးသရုပ်ဆောင်ခဲ့သည့် ဒရမ်မာဇာတ်ကားမှာ ၂၀၁၃ ခုနှစ် Gu Family Book ဇာတ်ကား ဖြစ်သည်။ အဆိုပါ ဒရမ်မာဇာတ်ကား ထုတ်လွှင့်ပြသသွားမည့် နေ့နှင့် မည်သည့် ရုပ်သံလိုင်းက ထုတ်လွှင့်မည် ဆိုခြင်းကို ဆွေးနွေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။