ကိုးတန်းကျောင်းသူကို မူးယစ်စေသည့် အချိုရည်တိုက်ကာ အဓမ္မပြုကျင့်သူကို အလုပ်နှင့်ထောင်ဒဏ် ၂၃နှစ်ချမှတ်

ကိုးတန်းကျောင်းသူကို မူးယစ်စေသည့် အချိုရည်တိုက်ကာ အဓမ္မပြုကျင့်သူကို အလုပ်နှင့်ထောင်ဒဏ် ၂၃နှစ်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။           ။ အသက် ၁၅ နှစ် အရွယ် ကိုုးတန်းကျောင်းသူကို မူးယစ်စေသည့် အချိုရည်တိုုက်ပြီး သားမယားပြုကျင့်ခဲ့သည့်အမှု့တွင် တရားခံဖြစ်သူကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင်   စစ်ဆေးကာ  အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်သည်။

“ သက်ငယ်အတွက်က နှစ် ၂၀၊ အလိုမတူဘဲနဲ့ခိုးယူပေါင်းသင်းတာက ၃နှစ် သီးခြားစီပေါ့ ၂၀ နဲ့ ၃ နှစ်နဲ့ ၂၃ နှစ် “ ဟု ကိုးတန်းကျောင်းသူ၏ မိခင်ဖြစ်သူ တရားလို ဒေါ်မူမူချိုက မဇ္စျိမသို့ပြောသည်။

စွပ်စွဲခံထားရသည့် သန်းကိုကိုမောင်ကို အဓမ္မပြုကျင့်မှု ပုဒ်မ၃၇၆အရ ထောင်ဒဏ်အနှစ်၂၀၊ လူခိုးယူမှု ပုဒ်မ ၃၆၃ အရ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ခုကို သီးခြားစီ ကျခံစေရန် တရားသူကြီးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ ဖြစ်သင့်တယ်။ဆိုတော့ ပထမဦးဆုံးအနေနဲ့ အမသမီးလေးဖြစ်တာ နောက်ကလေးတွေ။ နောင်ဒီလိုမျိုးမဖြစ်အောင်လို့ သူတို့အမိန့်ချတာ အမတော့ကျေနပ်တယ် “ ဟု တရားလို ဒေါ်မူမူချိုက ဆိုသည်။

ဖြစ်စဉ်မှာ အသက်၁၅ နှစ်အရွယ် ကိုုးတန်းကျောင်းသူကိုု ပြစ်မှုကျူးလွန်သူ သန်းကိုုကိုုမောင်ဆိုုသူက စက်တင်ဘာလ ၅ ရက်နေ့လည်ပိုုင်းက လှည်းတန်းစင်တာရှေ့တွင် ချိန်းဆိုုကာ လိမ္မော်ရည်တိုုက်ခဲ့ပြီး  အမျိုးသမီးငယ် သတိလစ်သွားမှ သန်းကိုုကိုုအောင်အိမ်သိုု့ ခေါ်ဆောင်သွားခဲ့သည်။ ထိုမှတဆင့် တည်းခိုုခန်းသိုု့ ခေါ်ဆောင်ကာ အဓမ္မ ၄ ကြိမ်ပြုကျင့် ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကိုးတန်းကျောင်းသူ ကိုလိုက်လံကူညီပေးနေသူဖြစ်သည့် ကိုဖိုးဇော်က “ နောက်နောင်မှာ ဒီအပြစ်ကျူး လွန်တဲ့သူဘက်က ဆင်ခြင်ပြီးတော့ ဒီအမှုတွေလျော့ပါးသွားမယ်လို့ ထင်ပါတယ်။ ၂၃ နှစ်ချလိုက်တယ်ဆိုတဲ့ အပိုင်းမှာလည်း ကျွန်တော်တို့ ဘက်ကတော့ မျှတတယ်။ အဆင်ပြေပါတယ်လို့ပဲ ပြောချင်ပါတယ်”  ဟုပြောသည်။

မြောက်ဒဂုံုရှိ “Royal” တည်းခိုုခန်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အချိန်တွင် ထိုအချိန်က ၉ တန်းကျောင်းသူမိန်းကလေးမှာ ၁၅ နှစ် ရ သာရှိသေးကြောင်းသိရသည်။

တရားလိုု ကိုုးတန်းကျောင်းသူမှာ ကမာရွတ်မြို့နယ်တွင်နေထိုုင်ပြီး အဆိုုပါနှစ်ဦးမှာ အွန်လိုုင်း မှတဆင့် တွေ့ဆုံုခဲ့ခြင်း ဖြစ်ကာ အမှုကိုု ကမာရွတ်ရဲ စခန်းတွင် မိန်းကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly