Mangosteen(မင်းဂွတ်)

ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ hellosayarwon.

Generic Name: Mangosteen(မင်းဂွတ်) 

မင်းဂွတ်ဆိုတဲ့နေရာမှာ အပင်တွေအကိုင်းတွေထက် မင်းဂွတ်သီးကိုပဲမင်ဖူးကြတာများပါလိမ့်မယ်။ မင်းဂွတ်သီးရဲ့အရောင်က အညိုဘက်သန်းတဲ့ အနီရောင်ရင့်ရင့်ပါ။ အခွံကိုနွှာပြီးမှာ အထဲက အဖြူရောင် အသားဆံတွေကို စားသုံးရတာဖြစ်ပါတယ်။ မင်းဂွတ်ပင်က ဘယ်ဒေသက မျိုးရင်းပင်လဲဆိုတာကိုတော့ သေသေချာချာ မသိရှိကြသေးပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက အရင်ဆုံး စိုက်ပျိုးခဲ့ကြတာလို့တော့ သိရပါတယ်။ ထိုင်း၊ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့နှစ်ပါင်းများစွာကတည်းက စိုက်ပျိုးလာခဲ့ကြတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အဆိုပါနိုင်ငံတွေအပြင်  အာရှနိုင်ငံတော်တော်များများနဲ့ အာဖရိကနိုင်ငံတွေမှာပါ စိုက်ပျိုးလာခဲ့ကြပါတယ်။ အရမ်းမြင့်တဲ့ဒေသတွေမှာတော့ မင်းဂွတ်ပင်က မပေါက်ရောက်ပါဘူး။ မင်းဂွတ်သီးက ဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာ ကာလတွေကတည်းက အရှေ့တောင်အာရှနိုင်ငံဒေသခံတွေက သိရှိခဲ့ကြပါတယ်။

မင်းဂွတ်ရဲ့ အာဟာရတန်ဖိုးများ

မင်းဂွတ်သီးမှာ ရေ၊စွမ်းအင်၊ပရိုတင်း၊ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဖေ့ဖရိတ်၊ပိုတက်ဆီယမ်၊ဇင့်၊ ကော့ပါးနဲ့ မဂ္ဂနိ့လိုမျိုး အာဟာရဓာတ်တွေလည်းကြွယ်ဝစွာပါရှိပါတယ်။ မင်းဂွတ်သီးမှာ ဗီတာမင် C၊ B6၊ B12၊ A တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။  မင်းဂွတ်သီးမှာ thiamin၊ riboflavin၊ niacin၊ pantothenic acid၊ ဖောလိတ်၊ ဖောလစ်အက်ဆစ်၊ ကာရိုတင်းနဲ့ cryptoxanthin တို့လိုမျိုး ဗီတာမင်တွေလည်းပါဝင်နေပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ကင်ဆာတိုက်ဖျက်နိုင်ခြင်း

မင်းဂွတ်သီးမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ မင်းဂွတ်သီးအခွံမှာ ကင်ဆာ၊ ရောင်ရမ်းတာနဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့  xanthones  ပါယင်နေပါတယ်။  xanthones ကအူမကြီးကင်ဆာဆဲလ်တွေကြီးထွားမှုကို ဟန့်တားနိုင်တယ်လို့လေ့လာမှုတွေအရသိရှိရပါတယ်။ မင်းဂွတ်သီးက ကင်ဆာတိုက်ဖျက်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်ခြင်း

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မင်းဂွတ်သီးကို အရှ့တောင်အာရှဒေသမှာ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဆေးဖက်ယင်အသီးအဖြစ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ မင်းဂွတ်သီးအနှစ်က ဓာတ်မတည့်မှုကို သက်သာစေပြီး ရောင်ရမ်းမငကိုလည်းသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

အရေပြားကျန်းမာစေခြင်း

အရေပြားကိုကျန်းမာစေပါတယ်။ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးနိုင်သလို ဘက်တီးဂီးယားတွေ၊မှိုပိုးတွေကိုလည်း သေစေနိုင်တဲ့အာနိသင်ရှိတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ယစွာပါဝင်တာကြောင့် အရေပြားဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျေ့ပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ မင်းဂွတ်သီးမှာ အရေပြားကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ခြင်း

မင်းဂွတ်သီးမှာ အာဟာရဓာတ်တွေ၊သတ္တုဓာတ်တွေ၊ဗီတာမင်တွေနဲ့ xanthone တို့ကြွယ်ဝစွာပါဝင်တာကြောင့်  ကိုယ်ခ့အားစနစ်ကိုတိုးမြှင့်ပေးပါတယ်။ ဒီဓာတ်တွေက ကိုယ်ခ့အားနည်းတာကြောင့် ရောဂါဝင်ရောက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်မှုအစွမ်းသတ္တိရှိခြင်း

မင်းဂွတ်သီးမှာ ကိုယ်ခံအားစနစ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်နေပါတယ်။ မင်းဂွတ်သီးကအနာကျက်စေနိုင်သလို အမျိုးသားရောဂါတော်တောများများကိုလည်း သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။

ဝမ်းကိုက်ရောဂါကို သက်သာစေနိုင်ခြင်း

မင်းဂွတ်သီးက ဝမ်းဗိုက်ဆိုင်ရာရောဂါတွေကို သက်သာစေပါတယ်။ မင်းဂွတ်သီးက ဝမ်းလျှောတာနဲ့ ဝမ်းကိုက်ဝေဒနာတွေကို သိသိသာသာ သက်သာစေနိုင်စွမ်းရှိပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

မင်းဂွတ်သီးက လေဖြတ်တာ နဲ့ နှလုံးကြွက်သားသေဆုံးတာမျိုးတွေဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ မင်းဂွတ်သီးမှာ နှလုံးဆိုင်ရာရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အာနိသင်တွေရှိနေပါတယ်။

ဆီးချိုကို ထိန်းညှိပေးနိုင်ခြင်း

ယနေပခေတ်မှာ ဆီးချိုဝေဒနာသည်တေါကတော်တော်လေးကိုများလာနေပါတယ်။ ဆီးချိုက ဆေးမှန်မှန်သောက်ရင် သာမန်လူလိုမျိုးပဲနေနိုင်တယ်ဆိုပေမယ့် လုံလောက်တဲ့ကြိုတင်ကာကွယ်မှုတွေမရှိဘူးဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ မင်းဂွတ်သီးမှာ ခန္ဓာကိုယ်ရဲ့ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သဘာဝအာနိသင်တွေပါဝင်နေပြီး ဆဆိချျိုသားတေါအတွက် သင့်တော်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေနိုင်ခြင်း

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာမင်းဂွတ်သီးကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချျိန်ကို ကျဆင်းစေမှာဖြစ်ပါတယ်။ မင်းဂွတ်သီးမှာပါတဲ့ အာဟာရဓာတ်တွေက ကျန်းမာရေးအတွက် အထောက်အကူပြုပါ တယ်။

ဘေးထွက်ဆိုးကျိုးများ

မင်းဂွတ်သီးက ေဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်သင့်တော်ရဲ့လားဆိုတာကိုသေသေချာချာမသိရသေးတာကြောင့် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့မင်းဂါတ်သီးကို မစားသုံးတာက ပိုပြီးဘေးကင်းပါတယ်။

မင်းဂွတ်သီးက သွေးခဲတာကို ကြာစေနိုင်ပါတယ်။ မင်းဂွတ်သီးက ခွဲစိတ်ကုသမှုခံယူနေစဉ် နဲ့ ခွဲစိတ်ကုသမှုခံယူပြီးချိန်တွေမှာ သွေးမတိတ်တာနဲ့ သွေးထွက်လွန်တာတွေကို ဖြစ်စေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်မှုမခံယူခင် ၂ ပတ်လောက်အလိုကတည်းက မင်းဂွတ်သီးကိုမစားသုံးဘဲနေသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly