ပါတီမှတ်ပုံတင်ခြင်းကို၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းနောက်ဆုံးထား၍ လုပ်ဆောင်သွားမည်ဟု ဦးကိုကိုကြီးပြော

ပါတီမှတ်ပုံတင်ခြင်းကို၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းနောက်ဆုံးထား၍ လုပ်ဆောင်သွားမည်ဟု ဦးကိုကိုကြီးပြော

 

နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်နိုင်ရန် ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းနောက်ဆုံးထား၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ပါတီဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ဦးကိုကိုကြီးက မန္တလေးမြို့တွင်ပြု လုပ်သွားသော ပါတီဖြစ်မြောက်ရေးဆွေးနွေးပွဲတွင်ပြောကြားသွားသည်။

နိုဝင်ဘာလ၂၅ရက်နေ့က မန္တလေးတွင် ပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ တာဝန်ခံ ဦးကိုကိုကြိီးနှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးရဲနိုင်အောင်(ခ) ကိုဝတို့က နံနက် ၁၀နာရီမှနေ့လည် ၁၂နာရီထိ ပါတီဖြစ်မြောက်ရေးနှင့်ပက်သတ်၍ ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ ဒီလဒီကပြန်ပြီး နယ်မှာ ပါတီဖြစ်မြောက်ရေးဆွေးနွေးနေ၊စည်းရုံးနေတဲ့ရဲဘော်တွေရှိပါတယ်။ အဲဒါပြီးရင် စုံညီအစည်းအဝေး တစ်ခုခေါ်ဖို့ရှိတယ်။ ဒီဇင်ဘာထဲလေက်ကို အစည်းအဝေးခေါ်မယ်။ အဲဒါပြီး ရင် နှစ်ကုန်လောက်၊ဒါမှမဟုတ်နောက်ကျရင် လာမယ့် နှစ်ဆန်းပိုင်းလောက်ကို မှတ်ပုံတင်ဖို့ ့ရည်ရွယ်ထား ပါတယ်”ဟု ဦးကိုကိုကြီးကပြောသည်။

ပါတီဖြစ်မြောက်ရေးကော်မတီ၏ အရေးကြီးဆုံးအခြေခံမူဝါဒသည် နိုင်ငံသားတိိုင်းလူမျိုး၊ ဘာသာ၊ကျား၊မ၊ ဆင်းရဲ၊ချမ်းသာ၊ အဆင့်အတန်းခွဲခြားမှု မရှိစေရေး၊ နိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးခံစားမှု ရရှိရေး၊တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊တောင်သူလယ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်ရေး၊ အလုပ်သမားများ၏ အခွင့်အရေးများ တရားမျှတစွာ ခံစား ရရှိရေး၊ လူငယ်များအားရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာသန်စွမ်း ဖွံ့ဖြိုးသော နိုင်ငံ့သားကောင်းများဖြစ်စေရေး၊ လွတ်လပ်မျှတသော   စျေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းရေး၊ အိမ်နီးချင်းနို်င်ငံများ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စသည့် မူဝါများကို ချမှတ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့က စုံညီအစည်အဝေးပြီးတော့မှ ပါတီတံဆိပ် ပါတီနာမည် ပါတီအလံကို ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့က ကိုယ့်ဘာသာ ရွေးချယ်နာမည်ပေးပြီး ချပေးတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ အားလုံးစုံညီ ခေါ်ပြီးတော့မှ ရွေးချယ်သွားမှာပါ။ ပါတီမှာ ပါဝင်မယ့် လူတွေဆိုတာက လောလောဆယ်တော့ ပါတီဖွဲ့စည်းရေး ကြိုးစားနေတယ်။ ပါတီတရားဝင်ဖြစ်ပြီဆိုတော့မှ ဒီထက်ကျယ်ပြန့်အောင် ဆက်ပြီးတော့ ကြိ်ုးစားသွားမှာပါ။ အခြေခံအားဖြင့်တော့ ၈လေးလုံးအရေး တော်ပုံမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေ။ ၈လေးလုံး ရဲဘော် တွေဆိုတာကလည်း ကျွန်တော်တို့ အရင်နောင်တော်မျိုးဆက်တွေ အဲဒီထဲကနေလည်း သူတို့ထဲက ကိုယ်စား ပြုပြီး လုပ်နိုင်တဲ့ သူတွေကို ကျွန်တော်တို့ စုစည်းတာမျိုး တွေလည်းရှိပါတယ်”ဟု ဦးကိုကိုကြီးကပြောသည်။

ပါတီမူဝါဒများနှင့် ပါတီဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရန်အတွက် နိုင်ငံရေး လှုပ်ရှားသူများ၊ စီးပွားရေးအဖွဲ့အစည်းများ၊ NGOများအပါအဝင် နယ်ပယ်အသီးသီး၌ ဆွေးနွေးပွဲများပြုလုပ်၍ အကြံပြုချက်များကို ရယူကာ ဆောင်ရွက်ခဲ့ခြင်းများဖြစ်ကြောင်း ဦးကိုကိုကြီးကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly