ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဟိန္ဒူဘုရားကျောင်း ဗုံးခွဲသူအဖြစ် အဓိက သံသယရှိသူကို စီစီတီဗီပုံရိပ်များတွင် ဖမ်းယူမြင်တွေ့ပြီး ရဲက ခြေရာခံလိုက်လံလျက်ရှိသည်။
စီစီတီဗီတွင် မြင်တွေ့ရသည့် သံသယရှိသူသည် လူငယ်အမျိုးသားတစ်ဦဖြစ်ပြီး ဘုရားကျောင်းအတွင်း အထုတ်တစ်ထုတ်ကိုင်လျက် ဝင်သွားသော်လည်း ၎င်းပြန်ထွက်လာသည့်အခါ အထုပ်ပြန် မပါလာဘဲ ပြန်ထွက်လာခြင်းဖြစ်ကြောင်း ရဲက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲသည့် အီရာဝန်ဘုရားကျောင်းကို သြဂုတ် ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီလည်းဖြစ်သည်။ ဗုံးကွဲမှုအတွင်း အနည်းဆုံးလူပေါင်း ၂၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ နှစ်ဆယ်ခန့်ရှိသည်။
ဝန်ကြီးချုပ် ချန်အိုချာက ယခုတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံကြုံတွေ့ရသည့် တိုက်ခိုက်မှုများတွင် အဆိုးဆုံးတစ်ခုဖြစ်ကြောင်း ပြောသည်။
သြဂုတ် ၁၈ ရက်တွင်လည်း ဘန်ကောက်မြို့တွင်း ဆိပ်ခံတံတားတစ်ခုတွင် ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားသည်။ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ယင်းတိုက်ခိုက်မှုနှစ်ရပ် ဆက်စပ်မှုရှိမရှိ အာဏာပိုင်များလည်း မှန်းဆနိုင်သေးခြင်း မရှိပေ။
ဘုရားကျောင်းဗုံးကွဲမှုတွင် သေဆုံးသူအများစုမှာ ထိုင်းနိုင်ငံသားများဖြစ်သော်လည်း တရုတ်၊ ဟောင်ကောင်၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသားများလည်း ဗုံးပေါက်ကွဲမှု အတွင်းသေဆုံးကြောင်း သိရသည်။
Ref: BBC