အဆိုတော် ရဲလေး ၏ "My World My Fans My Show " တစ်ကိုယ်တော် ဖျော်ဖြေပွဲ

အဆိုတော် ရဲလေး ၏ "My World My Fans My Show " တစ်ကိုယ်တော် ဖျော်ဖြေပွဲ

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ။                  ။ အနုပညာလောကထဲ တစ်ကျော့ပြန် ၀င်ရောက်လာခဲ့သည့် အဆိုတော် ၊ သရုပ်ဆောင် ရဲလေး သည် ၎င်း၏ " My World My Fans My Show " ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ရဲလေး ၏ "My World My Fans My Show" ဟု အမည်ပေးထားသည့် တစ်ကိုယ် တော် ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို နိုဝင်ဘာ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို YLJK Entertainment မှ ပထမဦးဆုံး ပွဲဦးထွက် ကျင်းပခြင်း ဖြစ်ပြီး အဆိုတော် ရဲလေး အနေဖြင့်လည်း ၅နှစ်ကြာမှ ပြန်လည် ပြုလုပ်ဖြစ်သည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲလည်း ဖြစ်သည်။

လက်ရှိတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အတွက် သီချင်းများ ပြင်ဆင်မှု အပြင် သီချင်းဆိုပုံတွေ ၊ အကအလှ တွေ ၊ စက်ပိုင်းဆိုင်ရာ ၊ စတိတ်ပိုင်း ပြင်ဆင်မှုတွေ ၊ သူငယ်ချင်း အဆိုတော်များလည်း ပါ၀င်မည် ဖြစ်ကာ အပိုင်းခွဲပြီး ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုတော် ရဲလေး သည် ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် ၂၀၀၅ခုနှစ် ၌ စဆိုခဲ့သည့် ထိပ်ဆုံးမှာအမေ သီချင်း ၊ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် ကျွန်တော်နှင့်သက်ဆိုင်သော အခွေမှ တေးသီချင်း များအပြင် နောက်ဆုံး ထွက်ရှိထားသည့် အောင်မြင်မှုခရီးစဉ် အခွေမှ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

ဖျော်ဖြေပွဲ အတွက် လက်မှတ်များကို လက်မှတ်များကို နိုဝင်ဘာ ၁၄ရက်မှ စတင်ပြီး ရောင်းချပေးနေပြီ ဖြစ်ကာ STANDARD တစ်စောင်လျှင် ၉၀၀၀ကျပ် ၊ VIP  လက်မှတ် တစ်စောင်လျှင် ၂၀၀၀၀ကျပ် ၊ VVIP လက်မှတ်  ၃၀၀၀၀ ကျပ် အဖြစ် သတ်မှတ် ထားသည်။  

MY WORLD MY FANS MY SHOW ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂ရက် ည ၆နာရီ မှ စတင်ပြီး ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင် ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

အဆိုတော် ရဲလေး သည် တစ်ကိုယ်တော် ဖျော်ဖြေပွဲ အပြင် လက်ရှိတွင် ကိုးခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် အတွက် တေးသီချင်းများ ဖန်တီးနေပြီ ဖြစ်ပြီး ၈ခွေမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် အောင်မြင်မှုခရီးစဉ် အခွေကိုလည်း MTV အဖြစ် ရိုက်ကူးထားပြီး YLJK Entertainment Page မှ တင်ဆက်ပေးနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly