စီစီတီဗွီတွင် တွေ့မြင်ရသည့် ဗုံးခွဲမှုသံသယရှိသူကို အာဏာပိုင်များ လိုက်လံရှာဖွေလျှက်ရှိဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

စီစီတီဗွီတွင် တွေ့မြင်ရသည့် ဗုံးခွဲမှုသံသယရှိသူကို အာဏာပိုင်များ လိုက်လံရှာဖွေလျှက်ရှိဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

ဘန်ကောက်၊ သြဂုတ် - ၁၈ ။          ။ ယခုအချိန်အထိ အနည်းဆုံး လူ၂၂ဦး သေဆုံးခဲ့ရပြီး ၁၂၃ယောက် ဒဏ်ရာရရှိသွားခဲ့သည့် ဘန်ကောက်မြို့လယ်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးရှိ စီစီတီဗွီကင်မရာ တွင်မြင်လိုက်ရသော သံသယရှိသူကို အာဏာပိုင်များက လိုက်လံရှာဖွေလျှက်ရှိသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက သြဂုတ်လ ၁၈ရက်နေ့တွင် ပြောကြားခဲ့သည်။

‘ဒီနေ့မှာပဲ စီစီတီဗွီမှာ သံသယရှိသူတစ်ယောက် ပေါ်လာပါတယ်။ သေတော့မသေချာပါဘူး။ အဲဒီလူကို ကျွန်တော်တို့ လိုက်လံရှာဖွေနေပါတယ်’’ဟု ချန်းအိုချာက ပြောကြားခဲ့ပြီး သံသယရှိသူမှာ ဘုရင့်နိုင်ငံ၏ အာဏာသိမ်းမှုဆန့်ကျင်ရေး ရှပ်နီလှုပ်ရှားမှု အခြေပြုရာ အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သည့် အစိုးရဆန့်ကျင်ရေးအုပ်စုတစ်စုမှ ဖြစ်ဖွယ်ရှိသည်ဟု ယုံကြည်ရကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

သို့ရာတွင် စီစီတီဗွီပုံရိပ်တွင် အာရပ်ပုံပန်းနှင့် သံသယရှိသူက မပေါက်ကွဲခင်ကလေးတွင် အာရာဝမ် ဟိန္ဒူဘုရားကျောင်း၌ ကျောပိုးအိတ်ကို ထားသွားသည့်ပုံ ဖော်ပြနေသည်ဟု ထိုင်းပြည်တွင်းရုပ်သံချဲနယ် The Nation က သတင်းပို့ခဲ့သည်။

‘လုံခြုံရေးကင်မရာမှာမြင်နေရတဲ့ လူဟာ ဘုရားကျောင်းဝင်းထဲက ခုံတန်းနောက်မှာ သူ့ရဲ့ကျောပိုးအိတ်ကို ထားပြီး ခုံပေါ်မှာ ထိုင်နေခဲ့တယ်။ နောက်တစ်ခဏအကြာမှာ မတ်တပ်ထရပ်လိုက်ပြီး ဖုန်းခေါ်ကာ ဧရိယာထဲမှ ခပ်မြန်မြန် လျှောက်လှမ်းထွက်ခွာသွားတယ်’’ဟု The Nation ရုပ်သံသတင်းတွင် ကြေညာသွားခဲ့သည်။

အစိုးရအာဏာပိုင်များအနေဖြင့် တရားခံကိုတွေ့ပြီဟု အတည်မပြုနိုင်သေးသော်လည်း လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် လူ၏ ပုံများကိုမူ သတိထားမိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဝီရာချွန် ဆူခွန်သာပါတီပက်က ပြောကြားခဲ့သည်။

၂၀၀၆ခုနှစ်နောက်ပိုင်းတွင် ဘန်ကောက်မြို့တော်မှာ အာဏာသိမ်းမှုနှစ်ခုနှင့်အတူ သွေးမြေကျသည့် နိုင်ငံရေးအကြမ်းဖက်မှုများကို ကြုံတွေ့လာရသော်လည်း သြဂုတ်လ ၁၇ရက်နေ့ ဗုံးခွဲတိုက်ခိုကမှုမတိုင် မီအထိ သွေးစွန်းသည့် အကြမ်းဖက်မှုများတွင် နိုင်ငံခြားသားများသေဆုံးမှုမှာ မရှိသလာက် နည်းပါးခဲ့သည်ါ။

လတ်တလောအကျဆုံး အာဏာသိမ်းမှုမှာ လပေါင်းများစွာ လမ်းပေါ်ဆန္ဒပြပွဲများအပြီးတွင် ရွေးကောက်တင်မြှောက်ခံထားရသည့် ယင်းလပ် ရှင်နာဝပ်ထရာ၏ အစိုးရကို ဖယ်ရှားပစ်လိုက် သစည့်ဖြစ်၂၀၀၄ ခုနှစ်က အာဏာသိမ်းမှုဖြစ်သည်။ ထိုင်းနိုင်ငံမှာ မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မွတ်စလင်အများစုနေထိုင်ရာ တောင်ပိုင်းပြည်နယ်များတွင် ဆယ်စုနှစ်နှင့်ချီကြာသည့် သူပုန်ထမှုကိုလည်း တိုက်ခိုက်နှိမ်နင်းနေရပြီး၊ ထိုတိုက်ပွဲများတွင် လူပေါင်း ၆၄၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်ကာ အများစုမှာ အရပ်သားများဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ပရာယွတ်၏ မှတ်ချက်စကားအရ စုံစမ်းစစ်ဆေးမှုမှာ တောင်ပိုင်းမှ မွတ်စလင်စစ်သွေးကြွများထက် ဖယ်ရှားခံရသည့် ရှင်နာဝပ်ထရာမိသားစုကို သစ္စာခံသည့် အစိုးရဆန့်ကျင်ရေးအုပ်စုများထံသို့ ဦးတည်နေသည်ဟု ဆိုသည်။

ရှပ်နီများမှာ အထူးသဖြင့် နိုင်ငံ၏ အရှေ့မြောက်ပိုင်းမှ ကျေးလတ်နှင့် မြို့ပြဆင်းရဲသားများ၏ အခြေခံကျသည့် ကွန်ရက်တစ်ခုဖြစ်ပြီး ုယင်းလပ်နှင့် သူမ၏အစ်ကို ဖယ်ရှားခံရသည့် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာတို့ကို ထောက်ခံကြသူများဖြစ်သည်။ ယခုနှစ်အစောပိုင်းက အသေးစားပေါက်ကွဲမှုကလေးများအတွက် အစိုးရက ရှပ်နီများ၏ လက်ချက်ဟု စွပ်စွဲခဲ့သော်လည်း ရှပ်နီခေါင်းဆောင်ပိုင်းကမူ အပြင်းအထန် ငြင်းဆန်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly