အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်များကို အဖြေရှာခြင်း

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပာယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေ ပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။

အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။

အိပ်မက်တွေကိုအဓိပ္ပာယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။

အိပ်မက်တွေကို  မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ၀ါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။

  • အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက််ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။
  • အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပာယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။

အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။

သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။်

ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံုးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။

အိပ်မက်တွေက သင့်အတွက်ဘယ်လို အဓိပ္ပာယ်သက်ရောက်နေသလဲ ဆုံးဖြတ်ပါ။

တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပာယ်ဆောင်ပါတယ်။

  • တကယ်​့အဖြစ်​အပျက်​​တွေအ​ကြောင်​း အိပ်​မက်​​တွေဟာ သင်​့ကိုဒုက္ခ​ရောက်​​အောင်​လုပ်​​နေတဲ့ကိစ္စ​တွေကို ဘယ်​လို​ဖြေရှင်​းရမလဲဆိုတဲ့ သဲလွန်​စ​တွေဖြစ်​​နေတတ်​ပါတယ်​။ သိပ္ပံပညာရပ်​က​နေ ဖက်​ရှင်​လုပ်​ငန်​း​တွေထိ အဆင်​့ဆင်​့​ပြောင်​းလဲခဲ့ကြတဲ့သမိုင်​း​ကြောင်​း တစ်​​လျှောက်​ဟာ အိပ်​မက်​​တွေကအစပြုခဲ့ကြတာပါပဲ။
  • အိပ်​မက်​​တွေက ​တစ်​​နေ့တာအတွင်​း​တွေ့ကြံုရတဲ့ အရာ​တွေထဲကမှ သင်​သိသင်​့ တဲ့အရာ​တွေကို ခွဲခြမ်​းစိတ်​ဖြာ​ဖို့ ကူညီ​ပေးတယ်​။ သင်​ယူ​လေ့လာမှူကို တိုးတက်​​စေတယ်​။ မ​နေ့ကသင်​ယူခဲ့တာထက်​ ​နောက်​​နေ့ပိုမိုသင်​ယူနိုင်​​အောင်​ လုပ်​​ဆောင်​​ပေးပါလိမ်​့မယ်​။

မိမိကိုယ်​ကိုယ်​ ရိုးသားမှူရှိပါ။

အိပ် ​မက်​​တွေကို အဖြေရှာမယ်​ဆိုရင်​ ထပ်ပြီးအာ​းစိုက်​ထုတ်​ရမှာပါ။ ဒါတင်​မက​သေးပါဘူး။ သင်​့အိပ်​မက်​​တွေက သင်​မသိ​သေးတဲ့တစ်​စုံတစ်​ခုကို ​ပြောပြမှာမဟုတ်​ပါဘူး။ သူတို့က သင်​ချုပ်​တည်​းထားတဲ့ ​မေ့ပစ်​ချင်​တဲ့ အတွင်​းစိတ်​​တွေကိုပဲ ​ပြောပြတာပါ။

အိပ်​မက်​​တွေဟာ အရမ်​းစိတ္တဇဆန်​လွန်​းပြီး ဆွဲမြဲစွာဆုပ်​ကိုင်​ထားဖို့လည်​း အ​တော်​ခက်​ပါတယ်​။ သူက သင်​့ကို သဲလွန်​စ​ပေးမယ်​။ ဒါ​ပေမယ်​့ အဲ့ဒီသဲလွန်​စက သိပ်​ပြီးအ​ရေးစိုက်​​နေစရာလဲမလိုတဲ့ တစ်​ခုခုလည်​း ဖြစ်​​ကောင်​း ဖြစ်​​နေနိုင်​တယ်​။ ဒါ​ကြောင်​့ ဘာကိုပဲ အိပ်​မက်​မက်​ပါ​စေ ဒီအိမ်​မက်​​တွေက သင်​့ကို အဆိုးမြင်ရှူ​​ထောင့်​ဘက်​ကနေ မ​နှောင်​့ယှက်​ပါ​စေနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပာယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။

အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။

အိပ်မက်တွေကိုအဓိပ္ပာယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ အိပ်မက်တွေကို  မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ၀ါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။

  • အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက််ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။

အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပာယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။

အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။

သင့်ဘဝမှာ ဆုံးဖြတ်ချက်မချရသေးတဲ့အရာတွေ ဒါမှမဟုတ် ဂရုမစိုက်မိတဲ့အဖြစ်အပျက်တွေဟာ အိပ်မက်ထဲမှာ ပြန်ပြီးပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုပေါ်လာပြီဆိုရင် ဒီပြဿနာတွေက သင့်အတွက် အနှောင့်အယှက်ဖြစ်နေတာကို ညွှန်ပြပါတယ။် ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံးဖြေရှင်းလိုက်ပါ။ ဥပမာ- စာမေးပွဲကနီးကပ်လာနေပြီး သင်က စာမေးပွဲမှာ ကျရှုံုးတယ်လို့ အိပ်မက်မက်ခဲ့ရင် စာမေးပွဲက အလွန်အရေးကြီးတာ ဒါမှမဟုတ် စာလေ့လာတဲ့နေရာမှာပိုပြီးအားစိုက်ထုတ်သင့်နေတာကို ညွှန်ပြနေပါတယ်။

အိပ်မက်တွေက သင့်အတွက်ဘယ်လို အဓိပ္ပာယ်သက်ရောက်နေသလဲ ဆုံးဖြတ်ပါ။

တကယ်လို့သင်က သင်မှတ်မိနေတဲ့ဖြစ်ရပ်တွေနဲ့ ပစ္စည်းတွေကို အိပ်မက်မက်ခဲ့ရင် သူတို့တွေက သိပ်ပြီးအသုံးဝင်နိုင်ပါတယ်။ သင့်ကို နေ့ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊လပေါင်းနှစ်ပေါင်းများစွာ စိုးရိမ်နေခဲ့ရတဲ့ ပြဿနာတွေကို တစ်နည်းနည်းနဲ့ သင်ဖြေရှင်းနိုင်လိမ့်မယ်လို့ အဓိပ္ပာယ်ဆောင်ပါတယ်။

  • တကယ်​့အဖြစ်​အပျက်​​တွေအ​ကြောင်​း အိပ်​မက်​​တွေဟာ သင်​့ကိုဒုက္ခ​ရောက်​​အောင်​လုပ်​​နေတဲ့ကိစ္စ​တွေကို ဘယ်​လို​ဖြေရှင်​းရမလဲဆိုတဲ့ သဲလွန်​စ​တွေဖြစ်​​နေတတ်​ပါတယ်​။ သိပ္ပံပညာရပ်​က​နေ ဖက်​ရှင်​လုပ်​ငန်​း​တွေထိ အဆင်​့ဆင်​့​ပြောင်​းလဲခဲ့ကြတဲ့သမိုင်​း​ကြောင်​း တစ်​​လျှောက်​ဟာ အိပ်​မက်​​တွေကအစပြုခဲ့ကြတာပါပဲ။

အိပ်​မက်​​တွေက ​တစ်​​နေ့တာအတွင်​း​တွေ့ကြံုရတဲ့ အရာ​တွေထဲကမှ သင်​သိသင်​့ တဲ့အရာ​တွေကို ခွဲခြမ်​းစိတ်​ဖြာ​ဖို့ ကူညီ​ပေးတယ်​။ သင်​ယူ​လေ့လာမှူကို တိုးတက်​​စေတယ်​။ မ​နေ့ကသင်​ယူခဲ့တာထက်​ ​နောက်​​နေ့ပိုမိုသင်​ယူနိုင်​​အောင်​ လုပ်​​ဆောင်​​ပေးပါလိမ်​့မယ်​။

မိမိကိုယ်ကိုယ် ရိုးသားမှူရှိပါ။

အိပ် ​မက်​​တွေကို အဖြေရှာမယ်​ဆိုရင်​ ထပ်ပြီးအာ​းစိုက်​ထုတ်​ရမှာပါ။ ဒါတင်​မက​သေးပါဘူး။ သင်​့အိပ်​မက်​​တွေက သင်​မသိ​သေးတဲ့တစ်​စုံတစ်​ခုကို ​ပြောပြမှာမဟုတ်​ပါဘူး။ သူတို့က သင်​ချုပ်​တည်​းထားတဲ့ ​မေ့ပစ်​ချင်​တဲ့ အတွင်​းစိတ်​​တွေကိုပဲ ​ပြောပြတာပါ။

အိပ်​မက်​​တွေဟာ အရမ်​းစိတ္တဇဆန်​လွန်​းပြီး ဆွဲမြဲစွာဆုပ်​ကိုင်​ထားဖို့လည်​း အ​တော်​ခက်​ပါတယ်​။ သူက သင်​့ကို သဲလွန်​စ​ပေးမယ်​။ ဒါ​ပေမယ်​့ အဲ့ဒီသဲလွန်​စက သိပ်​ပြီးအ​ရေးစိုက်​​နေစရာလဲမလိုတဲ့ တစ်​ခုခုလည်​း ဖြစ်​​ကောင်​း ဖြစ်​​နေနိုင်​တယ်​။ ဒါ​ကြောင်​့ ဘာကိုပဲ အိပ်​မက်​မက်​ပါ​စေ ဒီအိမ်​မက်​​တွေက သင်​့ကို အဆိုးမြင်ရှူ​​ထောင့်​ဘက်​ကနေ မ​နှောင်​့ယှက်​ပါ​စေနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly