အဆိုတော် လေးဖြူ နှင့် မျိုးကြီး တို့ ဦးဆောင်သည့် အွန်လိုင်းအခြေပြု BIG 9 TV

အဆိုတော် လေးဖြူ နှင့် မျိုးကြီး တို့ ဦးဆောင်သည့် အွန်လိုင်းအခြေပြု BIG 9 TV
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန် ၊ နိုဝင်ဘာ ၁ ။                     ။ အဆိုတော် လေးဖြူ နှင့် အဆိုတော် မျိုးကြီး တို့ အဓိက ဦးဆောင်ပြီး ဂီတတေးသီချင်းများ အဓိကတင်ဆက် သွားမည့် အွန်လိုင်းအခြေပြု BIG 9 TV ကို ပရိသတ်များအား စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

၀ါရင့်အနုပညာရှင်များ ဦးဆောင်သည့် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကို အချိန်နှင့် တစ်ပြေးညီ တင်ဆက် ပေးမည့် အွန်လိုင်းအခြေပြု BIG 9 TV မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁ရက်တွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အွန်လိုင်းအခြေပြု BIG 9 TV ကို အဆိုတော် လေးဖြူ မှ Chairman အဖြစ် တာဝန်ယူပြီး Managing Director အဖြစ် အဆိုတော် မျိုးကြီးက ဦးဆောင်ကာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ၊ ပုဂ္ဂိုလ်များ ဖြင့် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်သည်။

Big 9 TV မှ New Song Release Program များ ၊ Live Concert များ ၊ Travel-Log အစီအစဉ်များ ၊ Fashion အစီအစဉ်များ ၊ ပြည်တွင်း၌ လူအများ စိတ်ဝင်စားမည့် Up-To-Date အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့် ဖျော်ဖြေပေးသွားမည် ဖြစ်သည်။

“ယနေ့ခေတ်သည် Online ခေတ်ဖြစ်သည့်အားလျော်စွာ မိဘပြည်သူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက် သည့် အနုပညာသတင်းများ ၊ တေးဂီတအစီအစဉ်များ ၊ ခရီးသွား အစီအစဉ်များနှင့် အနုပညာရှင်များ၏ လှုပ်ရှားမှု သတင်းပုံရိပ်များကို Big 9 TV Application မှ တစ်ဆင့် ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါတယ်” ဟု Big 9 TV ၏ Chairman အဖြစ် တာဝန်ယူထားသည့် အဆိုတော် ကိုလေးဖြူ က အဆိုပါပွဲတွင် ပြောခဲ့သည်။

Big 9 TV ကို Android Platform နှင့် iOS Platform နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ပြီး မကြာမီတွင် Google Play Store နှင့် Apple Apps Store များတွင် ဒေါင်းလုပ် ရယူနိုင်မည် ဖြစ်ကာ Website Version ကိုလည်း မကြာမီ ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

Big 9 TV ၏ အီအစဉ် တင်ဆက်မှုများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် Big 9 TV ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://web.facebook.com/Big9TV/ သို့ ၀င်ရောက်ပြီး ကြည့်ရှုနိုင်မည် ဖြစ်သည်။

ကနဦးခြေလှမ်းအဖြစ် နိုဝင်ဘာ ၁ ရက်နေ့၌ ပြည်သူ့ရင်ပြင်တွင် ၀င်ကြေး အခမဲ့ဖြင့် ကျင်းပ ပြုလုပ်မည့် Iron Cross တေးဂီတအဖွဲ့၏ ဖျော်ဖြေမှု အစအဆုံးကို Big 9 TV ၏ ဖေ့ဘုတ် စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly