အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှု လိုအပ်သလား

အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှု လိုအပ်သလား

ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူမှုစံနှုန်းတွေအရ အမျိုးသားတွေကို ခပ်ကြမ်းကြမ်းခပ်ပေပေ နေတတ်ကြတဲ့သူတွေအဖြစ် ရှုမြင်တတ်ကြပါတယ်။ ယောကျ်ားတွေဟာ အသားရေထိန်းသိမ်းဖို့မလိုအပ်ဘူး ဒီအတိုင်းပဲနေလို့ရတယ်ဆိုတဲ့အမြင်ကနေ တဖြည်းဖြည်းပြောင်းလဲလာတာက သိပ်မကြာသေးဘူး။ ဒါဆိုရင် မေးစရာရှိတာက အမျိုးသားတွေရော အသားရေထိန်းသိမ်းမှုလိုအပ်သလားဆိုတဲ့မေးခွန်းပါ။ အဖြေကတော့ အင်မတန် သိသာထင်ရှားပါတယ်။ လိုအပ်ပါတယ်။

တော်တော်များများ နားလည်ထားတာက အမျိုးသားတွေက အသားအရေကို ထွေထွေးထူးထူးထိန်းသိမ်းတာမျိုး မလိုဘူးလို့ပေါ့။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း အသားအရေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကို ကြည့်ကောင်းစေတဲ့ အချက်တွေထဲမှာ အသားအရေကောင်းမွန်ခြင်းကလည်း တစ်ခုအပါအဝင်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်ကိုင်နေထိုင်တတ်တဲ့ အလေ့အထရှိသလို အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ၊ အရက်သေစာသောက်စားတာတွေ နဲ့ ဆေးလိပ်သောက်သုံးတာတွေကိုလည်း လုပ်လေ့ရှိကြပါတယ်။

အားကစားလုပ်တဲ့ အမျိုးသားများမှာလည်း အားကစားလုပ်တဲ့အခါ မျက်နှာပြင်မှာ အဆီနဲ့ချွေးတွေထွက်လာတတ်ပြီး သေချာသန့်ရှင်းမှု မလုပ်ဘူးဆိုရင် အသားအရေကို ထိခိုက်ပျက်စီးတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ နေရောင် နဲ့ ဆေးလိပ်သောက်သုံးမှုက အသားအရေအတွက် အဓိကရန်သူတွေပါ။ ဒီနှစ်ချက်က မျက်နှာမှာ အရေအကြောင်းတွေဖြစ်စေပြီး မျက်နှာအရေပြားကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အသားအရေထိန်းသိမ်းဖို့ဆိုရင် စွန့်လွှတ်သင့်တဲ့ အကျင့်တစ်ခုက ဆေးလိပ်သောက်တဲ့အကျင့်ပါ။ ဒါ့အပြင် မျက်နှာအသားအရေ ကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်တဲ့ နောက်တစ်နည်းက အစိုဓာတ်ထိန်းအလှကုန်တွေ အသုံးပြုပေးတာပါ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အသားအရေဖွဲ့စည်းပုံချင်းက မတူဘဲ အမျိုးသားတွေရဲ့ အရေပြားက ပိုမိုထူထဲပြီး အဆီပြန်တတ်တဲ့ သဘာဝရှိတာကြောင့် အသုံးပြုရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေက လည်းကွဲပြားပါတယ်။

ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်စေဖို့ဆိုရင် အဝတ်အစားတွေကို သပ်ရပ်လိုက်ဖက်အောင် ဝတ်စားတတ်ရုံသာမက အရေပြားကိုလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီအောင် ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ အသုံးတည့်စေမယ့် အချက်တချို့ကိုဖော်ပြပေးလိုပါတယ်။

မျက်နှာသစ်ဆပ်ပြာသုံးပေးပါ။

မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။ အရေပြားခြောက်သွေ့သူတွေ အနေနဲ့ကတော့ မနက်တိုင်းမျက်နှာကို ရေအေးအေးလေးသုံးပြီး သန့်စင်ပေးပါ။ အပြင်းစားဆပ်ပြာမျိုးတွေကို မသုံးမိဖို့လည်း သတိထားပါ။ကိုယ်တိုက်ဆပ်ပြာအပြင်းစားတွေကို အသုံးပြုပြီးမျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာက အသားအရေအတွက်  ကောင်းကျိုးမဖြစ်တဲ့ အပြင် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဝက်ခြံရှိတဲ့အသားအရေမျိုးဖြစ်နေမယ် ဆိုရင် ဝက်ခြံတွေကိုတောင်ပိုဆိုးလာစေပါလိမ့်မယ်။ မျက်နှာအသားအရေကောင်းမွန်စေဖို့အကောင်းဆုံးနည်းလမ်းက သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ Garnier Men ရဲ့ Wasabi Anti-Bacteria Brightening Foam လိုမျိုး မျက်နှာသစ်ဆပ်ပြာမျိုးကို အသုံးပြုပြီးမျက်နှာကို ညင်ညင်သာသာ သန့်ရှင်းပေးဖို့ပါပဲ။ ဒီနေရာမှာ Wasabi အကြောင်းလေးပြောပြချင်တာက Wasabi  ဆိုတာက ဂျပန်မျိုးရင်းပင်တစ်မျိုးပါ။ ဒီအပင်ရဲ့ အမြစ်က ကိုယ်ခန္ဓာကျန်းမာရေးအတွက် သာမက အရေပြားကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့်အရေပြားကို နူးညံ့သန့်ရှင်းစေပါတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးတာအပါအဝင် အခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ ဝက်ခြံတွေကိုပျောက်ကင်းစေနိုင်သလို နောက်ထပ် ဝက်ခြံတွေထပ်ဖြစ်မလာအောင်လည်း လုပ်ဆောင်ပေးပါတယ်။ မျက်နှာ အသားအရေဟာ PH ပမာဏ 4.5 ကနေ 5 အထိရရှိဖို့လိုအပ်ပါတယ်။ မျက်နှာသစ်ဆပ်ပြာမှာ alkaline ပမာဏပါဝင်မှု များနေရင်လည်း အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာ မျက်နှာကို ရေအေးအေးလေးနဲ့သစ်ပေးတာက တော်တော့်ကိုထိရောက်မှုရှိတဲ့နည်းလမ်းပါ။

အရေပြားပေါ်ကဆဲလ်သေတွေကို scrub လုပ်ပြီး ဖယ်ရှားပေးပါ။

တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့်လုပ်ပေးလို့ရပါတယ်။ အရေပြားမှာ ကျိန်းစပ်တာမျိုးတွေ ခံစားလာရရင်တော့ အရေပြားက ခံနိုင်ရည်ရှိသလောက်ပဲ လုပ်ပေးပါ။ အမျိုးသားအများစုက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ကတော့ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကို လုံလောက်ပါပြီ။

အရေပြားပေါ်ကဆဲလ်သေတွေကွာကျအောင်လုပ်ဆောင်လိုက်တဲ့အခါ အရေပြားဆဲလ်တွေကို ပုံမှန်အတိုင်းပြန်ဖြစ်ပေါ်လာစေတာကြောင့် အသားအရေခြောက်သွေ့မှုကို သက်သာစေမှာဖြစ်ပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကို ပွင့်စေပြီး မုတ်ဆိတ်ရိတ်ရတာလည်း ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတဲ့အခါမှာလည်း ဓာတုပစ္စည်းတွေပါဝင်မှုနည်းပြီး သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ Garnier Acno Fight Scrub in foam 12 in 1 လိုမျိုး ဆေးဖက်ဝင်သဘာဝပစ္စည်းတွေဖြစ်ကြတဲ့ Wasabi မြစ်နဲ့ Lemon  နဲ့ Peppermint Extract တွေကို အသုံးပြုထားတဲ့ Scrub မျိုးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာကဆဲလ်သေတွေကွာကျစေဖို့ scrub လုပ်တဲ့အခါမှာလည်း မျက်နှာအသားအရေကို ခပ်ကြမ်းကြမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ မျက်နှာအသားအရေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်လိုက်တဲ့အခါ မျက်နှာအရေပြားပေါ်က အစိုဓာတ်ထိန်းပေးတဲ့ အလွှာပျက်စီးသွားပြီး ဝက်ခြံတွေကို ပိုဖြစ်စေနိုင်ပါတယ်။

ဝက်ခြံတွေကို ညှစ်ထုတ်တာကတော့ နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်တဲ့ အခါ မျက်နှာပေါ်က ဆံချည်မျှင်သွေးကြောလေးတွေပေါက်ထွက်သွားပြီး မျက်နှာမှာ ညိုတိုတို အမာရွတ်တွေထင်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓာတုပစ္စည်းတွေ ပါဝင်မှုများတဲ့ မျက်နှာတိုက် Scrub တွေကမျက်နှာအရေပြားမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ မျက်နှာကို scrub လုပ်တဲ့အခါမှာ အဝတ်စကြမ်းကြမ်းတွေမသုံးမိဖို့လည်းလိုပါတယ်။ Scrub တွေမှာပါတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ salicylic acid ကတော့ ချွေးပေါက်တွေထဲမှာပိတ်ဆို့နေတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကိုပါဖယ်ရှားပေးနိုင်ပြီး ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးပါ။

မျက်နှာသစ်ပြီးတိုင်းလူးပေးနိုင်ပါတယ်။ ရေချိုးပြီးတဲ့အခါတိုင်းလည်းလိမ်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေ ခြောက်သွေ့ညိုမဲတာမျိုးမဖြစ်အောင် အစိုဓာတ်ထိန်း ခရမ်တစ်မျိုးမျိုး လူးပေးသင့်ပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါတိုင်း မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ အဆီတွေရာ အစိုဓာတ်ထိန်းပေးတဲ့အရာတွေကိုပါ သစ်ချလိုက်သလိုဖြစ်တာကြောင့် မျက်နှာသစ်ပြီးတဲ့အခါတိုင်း အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့လိုပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ အလှကုန်တွေက အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးပြီး အရေပြားခြောက်သွေ့တာ၊  ရေဓာတ်ခမ်းခြောက်တာနဲ့ အရေပြားညိုမွဲတာတွေကိုသက်သာစေနိုင်ပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ အလှကုန်တွေကို အသုံးပြုတဲ့အခါမှာလည်း ဗီတာမင် စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထည့်သွင်းပြီးလုပ်ထားတဲ့ Garnier Anti-Acne Whitening Serum Cream လိုမျိုး သဘာဝ သုံရာသီး၊ peppermint အဆီအနှစ်တွေနဲ့ထုတ်ထားတဲ့ အစိုဓာတ်ထိန်းအလှကုန်မျိုးကို အသုံးပြုပေးလို့ရပါတယ်။ Garnier Anti-Acne Whitening Serum Cream  ကအစိုဓာတ်ထိန်းပေးတဲ့အပြင် မျက်နှာပေါ်ကချွေးပေါက်တွေကို ကျဉ်းစေပြီး ဝက်ခြံနဲ့ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို သက်သာစေတဲ့အပြင် မျက်နှာအသားအရေအတွက် လိုအပ်တဲ့ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။

နေလောင်ကာခရင်မ်လူးပေးပါ။

နေလောင်ကာခရင်မ်လူးပေးပါ။ ဘယ်အချိန်ချိန်ဖြစ်ဖြစ်လူးပေးလို့ရပါတယ်။ ရာသီသုံးပါးစလုံးလူးပေးလို့ရပါတယ်။ မျက်နှာ လည်ပင်းတွေနဲ့ နေရောင်ထိနိုင်တဲ့နေရာတွေကို လူးပေးလို့ရပါတယ်။ အနည်းဆုံး SPF 15 ပါတဲ့ နေလောင်ကာခရင်မ်မျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အရေပြားခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာ၊ အသားအရေအရောင်မညီတာမျိုးတွေကို ကာကွယ်ချင်ရင်တော့ နေလောင်ကာခရင်မ်လိမ်းကိုလိမ်းရပါလိမ့်မယ်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မိတဲ့အခါမျိုးမှသာနေလောင်ကာခရင်မ်ကိုလူးဖို့လိုတာမဟုတ်ပါဘူး။ နေရောင်ဝင်ရောက်နိုင်တဲ့နေရာတွေဖြစ်တဲ့အလုပ်စားပွဲမှာထိုင်နေရင်းပဲဖြစ်ဖြစ် ကားမောင်းနေချိန်မှာပဲဖြစ်ဖြစ် နေလောင်ကာခရင်မ်လူးဖို့လိုအပ်ပါတယ်။ နေလောင်ကာခရင်မ်က ရေစိုဒဏ်မခံနိုင်တာကြောင့် ချွေးထွက်သွားတဲ့အခါပျက်သွားတတ်တဲ့အတွက် ထပ်လူးပေးဖို့လိုပါလိမ့်မယ်။

တိုနာသုံးပေးလို့ ရပါတယ်။

အမျိုးသားတော်တော် သူတို့မျက်နှာ အသားအရေအတွက် တိုနာသုံးဖို့ လို၊မလိုနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်တတ်ပါတယ်။ အမှန်ကတော့ လိုပါတယ်။ မျက်နှာပေါ်က မျက်စိနဲ့မမြင်ရတဲ့ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေဖို့အတွက်ဆိုရင် မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးပေးဖို့လိုပါတယ်။ အရည်ပုံစံ အလှကုန်ဖြစ်တာကြောင့် သုံးရတာလည်းအဆင်ပြေပါတယ်။ တိုနာကို အရေပြားအစိုဓာတ်ထိန်းပေးနိုင်စေဖို့ glycerin နဲ့ hyaluronic acid ၊ အရေပြားအပေါ်ယံလွှာမှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် AHA နဲ့ BHA တို့ကို အသုံးပြုထုတ်လုပ်ထားလေ့ရှိပါတယ်။ BHA ကချွေးပေါက်တွေထဲမှာပိတ်ဆို့နေနိုင်တဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

အမျိုးသားတွေရဲ့ အသားအရေဖွဲ့စည်းမှုက အမျိုးသမီးတွေနဲ့ မတူတာကြောင့် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ ယနေ့ခေတ်မှာ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အမျိုးသမီးတွေအတွက် သာမက အမျိုးသားတွေအတွက်ပါ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထုတ်လုပ်လာတာကြောင့် ရွေးချယ်စရာတွေကများပြားလှပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တာကိုဝယ်ယူမိဖို့ကလည်း အမျိုးသားတိုင်း သတိထားသင့်တဲ့အချက်တွေထဲကတစ်ခုပါ။ မသေချာပါက အရေပြားဆရာဝန်နဲ့တိုင်ပင်တာမျိုးတွေလည်း လုပ်ဆောင်လို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly