ပြည်တွင်းငြိမ်းချမ်းရေးတွင် တက်တက််ကြွကြွပါ၀င်ဆောင်ရွက်နေသည်ဟု SNLD ပြော

ပြည်တွင်းငြိမ်းချမ်းရေးတွင် တက်တက််ကြွကြွပါ၀င်ဆောင်ရွက်နေသည်ဟု SNLD ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။             ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်( SNLD) အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်( SNLD) တည်ထောင်ခြင်း ၂၉ နှစ်ပြည့် အခမ်းအနားကို မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်(၅) ရှိ အောင်မြေဘုံသာစံရှမ်းကျောင်းတွင်   ပြုလုပ်ခဲ့စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ပြည်ထောင်စုအရေးနဲ့ပတ်သက်လို့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတဲ့ စစ်ပွဲတွေရပ်စဲသွားပြီး ပြသာနာများကို နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းများဖြစ်ပေါ်လာအောင်လည်း ကျွန်တော်တို့အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်” ၎င်းက ပြောဆိုသည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များတွင် တစ်ပြည်လုံးတွင်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်အကောင်အထည်ဖော်နိုင်ရန်လည်း အစိုးရအား ထောက်ခံပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဆိုသည်။

ထို့အပြင် ပြည်သူများအကျိုးရှိစေသည့်ကိစ္စများကို အစဉ်အမြဲထောက်ခံ ဆောင်ရွက်နေမည်ဟု ဦးခွန်ထွန်းဦးက ပြောဆိုခဲ့သည်။

အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ နိုင်ငံရေးပါတီ တစ်ရပ် ဖြစ်မြောက်ရေးကော်မတီဧ။် ဗဟိုဦးဆောင်ကော်မတီတာဝန်ခံ ဦးကိုကိုကြီး အပါအဝင် အခြားသော ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဧ။် နိုင်ငံတကာရေးရာဌာန(ပေကျင်း)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဂေါ်တိုင်းရှမ်းအဖွဲ့အစည်း၊ ကချင်အမျုးိသားကွန်ဂရက်ပါတီ၊ တိုင်းလျန် ရှမ်းနီအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ဇိုမီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ ၁၉၉၀ပြည့်နှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊ ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးအဖွဲ့ နှင့် မေတ္တာဖောင်ဒေးရှင်းတို့က သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags