အဆိုတော် ဆုန်သင်းပါရ် ၏ လိုရာဆု တေးအယ်ဘမ် ထွက်ရှိ

အဆိုတော် ဆုန်သင်းပါရ် ၏ လိုရာဆု တေးအယ်ဘမ် ထွက်ရှိ
ဓာတ်ပုံ-မီမီဝင်းဖေ

 

ရန်ကုန် ၊ အောက်တိုဘာ ၂၅။                 ။ အဆိုတော် ဆုန်သင်းပါရ် ၏ ပဉ္စမမြောက် တစ်ကိုယ်တော် အယ်ဘမ် အဖြစ် လိုရာဆု ဟု အမည်ပေးထားသည့် တေးအယ်ဘမ် ကို အောက်တိုဘာ ၂၅ရက်တွင် The Sun Music Production မှ ထုတ်လုပ် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

အဆိုတော် ဆုန်သင်းပါရ် ၏ လိုရာဆု ဟု အမည်ပေးထားသည့် တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို အောက်တိုဘာ ၂၄ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ပြုလုပ်ခဲ့သည်။

 လိုရာဆု တစ်ကိုယ်တော် တေးအယ်ဘမ်တွင် ပန်းချီဆရာကြီး ဦးဝင်းဖေ ၏ အရမ်းနာမည်ကြီးသည့် တဲရော့ဒ်ကဒ် ဖြင့် ဆွဲထားသည့် ပန်းချီကားကို အခွေကာဗာအနေဖြင့် အသုံးပြု ထားသည်ကို ထူးထူးခြားခြား တွေ့မြင်ရမည် ဖြစ်သည်။

တေးအယ်ဘမ် တွင် တေးသီချင်း ၁၁ပုဒ် ပါဝင်ပြီး တေးရေးဆရာများ အဖြစ် တေးရေး မင်းချစ်သူ ၊ စောခူဆဲလ် ၊ မြင့်မိုးအောင် ၊ အငဲ ၊ လင်းလင်း ၊ အောင်ကိုမြင့် ၊ Phoe Ei တို့မှ ပါဝင် ရေးဖွဲ့ထား ပြီး Dream Lover တေးဂီတအဖွဲ့မှ တီးခတ်ပေးထားသည်။

 အဆိုတော် ဆုန်းသင်းပါရ် က “ ဒီအခွေလေးက ၃နှစ်လောက် အချိန်ယူပြီး လုပ်ထားတဲ့ အခွေလေးပါ။ သီချင်း အားလုံးကတော့ ကိုယ့်အသက် အရွယ်နဲ့ မလိုက်ဖက်တဲ့ သီချင်းတွေ မပါဘူး။ အကုန်လုံးက လေးလေး နက်နက် သီချင်းလေးတွေကြီးပဲ ။ သေချာ လေ့ကျင့် ပြင်ဆင်ပြီး အပုဒ်တိုင်းကို သီဆိုထားပါတယ်” ဟု ပြော သည်။

အဆိုတော် ဆုန်သင်းပါရ် ၏ တေးသီချင်းများသည် ပရိသတ်ကြား အောင်မြင်ခဲ့သည့် တေးသီချင်းများ ဖြစ်ပြီး အနုပညာ လှုပ်ရှားမှု အဖြစ် လိုရာဆု တစ်ကိုယ်တော် တေးအယ်ဘမ် အပြင် နောက်ထပ် တေးသီချင်း အခွေ များကိုလည်း ထပ်မံ လုပ် ဆောင် သွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly