ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ အင်းစိန်မြို့နယ်တွင် အိမ်မွေးခွေးတစ်ကောင် စိတ်ရိုင်းဝင်ပြီး ပြန်ကိုက်ခြင်းကြောင့် မိသားစုဝင်များအားမီးသတ်တပ်ဖွဲ့ဝင် များက ကယ်တင်ခဲ့ရကြောင်း သိရသည်။
ယမန်နေ့ ည ၉ နာရီခန့်က အင်းစိန်မြို့နယ်၌ မြို့သစ်(က+ခ) ရပ်ကွက်၊ အိမ်အမှတ်(၂၃၆/က) အိမ်တွင် မွေးမြူထားသည့် ခွေးတစ်ကောင်ကသခင်များကို ပြန်ကိုက်ခဲ့ခြင်း ဖြစ်သည်။
မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့ပြီးနောက် မိသားစုဝင် ၃ ဦးကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ရခြင်းဖြစ်သည်။
မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ ခွေးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လှောင်အိမ်အတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ခွေးကိုက်ခံရသူအား အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစေပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရသိရသည်။