အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း

အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အမျိုးသားတွေအတွက် အသင့်တော်ဆုံး facial foam နှင့် moisturizer ရွေးချယ်ခြင်း

အမျိုးသားတွေရဲ့အသားအရေ

အရေပြားပိုထူတယ် – အမျိုးသားတွေရဲ့သွေးထဲမှာ testosterone ဟော်မုန်း ပါဝင်မှု မြင့်မားတာကြောင့် အရေပြားအလွှာတွေပိုထူပြီး elastin နဲ့ collagen လည်း ပိုများတာကြောင့် အရေပြားကျုံဆန့်နိုင်အားပိုကောင်းပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက အမျိုးသမီးတွေထက် အသားအရေလျော့တွဲခြင်း၊ အရေးအကြောင်း စတာတွေလို အသားအရေရင့်ရော်မှုကို ခံနိုင်ရည်ပိုရှိပါတယ်။

အဆီပိုပြန်တယ် – သူတို့ရဲ့အသားအရေမှာ အဆီထွက်တဲ့ဂလင်း(sebum) ရဲ့လှုပ်ရှားလုပ်ဆောင်မှု ပိုများတာကြောင့် အဆီပိုပြန်တတ်ပါတယ်။ ဒီအဆီတွေကပဲ အသားအရေကိုကာကွယ်ပေးပြီး နူးညံ့ချောမွေ့စေတာပါ။

ချွေးပေါက်ပိုကျယ်တယ် – အဆီပိုပြန်ပြီး အမွေးအမျှင်ပိုများတတ်တဲ့ အမျိုးသားတွေရဲ့ ချွေးပေါက်တွေက ပိုကျယ်လို့ ဝက်ခြံလည်း ပိုပေါက်လွယ်ပါတယ်။

အမျိုးသားတွေက အပြင်ထွက်တာပိုများတာကြောင့်လည်း အရေပြားမှာ နေလောင်ခြင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု တွေကို ပိုထိတွေ့ရပါတယ်။ဒါ့ကြောင့်ထိခိုက်လွယ်တဲ့အသားအရေကို ကာကွယ်ဖို့နဲ့ ကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်း ဖို့ အသားအရေနှင့် ကိုက်ညီသော Cleanser နဲ့ Moisturizer တို့ကို သေချာရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။ နေ့စဉ် မျက်နှာမှာ ရိတ်ရ၊ရှင်းလင်းရ တာတွေလုပ်ပြီးရင် အသားအရေမထိခိုက် မပျက်စီးရအောင်  Men skincare များကို ဂရုတစိုက် သုံးသင့်ပါတယ်။

ကိုယ်နဲ့ကိုက်ညီမယ့် facial foam နဲ့ moisturizer ကို ဘယ်လိုရွေးချယ်မလဲ

ကိုယ်က ဘယ်လိုအသားအရေပဲဖြစ်ဖြစ် ကျန်းမာတဲ့ အသားအရေထိန်းသိမ်းဖို့အတွက် တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ဖို့ လိုအပ်ပါတယ်။ ရိုးရိုး ကိုယ်တိုက်ဆပ်ပြာတွေက မျက်နှာအသားအရေအတွက် မသင့်တော်တာကြောင့် မျက်နှာတစ်ရှူးတွေကို ထိန်းညှိပေးဖို့ သီးသန့် ထုတ်လုပ်တဲ့ မျက်နှာသစ်ဆေးတွေကိုပဲ သုံးတာအကောင်းဆုံးပါ။

ဒီနေ့ခေတ်မှာ အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ မျက်နှာသစ်ဆေးတွေ အများကြီးရှိနေပြီဆိုတော့ ကိုယ့်အတွက် အကောင်းဆုံးကို ဘယ်လိုရွေးချယ်မလဲဆိုတာကိုပဲ အဓိကတွေးသင့်ပါပြီ။ အကောင်းဆုံးနည်းက ကိုယ်ကဘယ်အသားအရေ အမျိုးအစားမှာ ပါဝင်နေလဲဆိုတာ အရင်ဆုံးဖြတ်ပြီး အဲဒီအသားအရေအတွက် ထုတ်ထားတဲ့ ပစ္စည်းကို ရွေးချယ်ပါ။ ဘယ်အသားအရေ အမျိုးအစားအတွက်ထုတ်တယ်၊ ဘာတွေပါဝင်တယ်၊ ဘာအတွက်ကောင်းတယ် ဆိုတာ သေချာဖော်ပြထားတဲ့ပစ္စည်းကိုရွေးသင့်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေ

သင့်အသားအရေက အရေခွံတွေကွာတတ်တယ်၊ ကြမ်းတယ်၊ အသားခြောက်ပြီးနီနေတတ်တယ် (အထူးသဖြင့်ဆောင်းတွင်းမှာ ပိုဆိုးတတ်ပါတယ်)၊ မျက်နှာသစ်ပြီးရင် တင်းတင်းကြီးဖြစ်နေတတ်တယ်ဆိုရင် ခြောက်သွေ့တဲ့အသားရေ (Dry skin) ပိုင်ရှင်ဖြစ်ပါတယ်။

အသားအရေက သဘာဝအတိုင်းခြောက်သွေ့နေတယ်ဆိုရင် sebum  အလုံအလောက် ထုတ်မပေးနိုင်တော့ ချောမွေ့မှုမရှိနိုင်ပါဘူး။ အဲဒီအခြေအနေမှာ ရှိနေတဲ့အဆီတွေကို အကုန်ဖယ်ရှားပေးမယ့် မျက်နှာသစ်ဆေးကြောင့် ခြောက်သွေ့မှု ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် ခြောက်သွေ့တဲ့ အသားအရေအတွက် ထုတ်လုပ်ထားတဲ့ ဂလစ်ဆရင်းနဲ့ သံလွင်ဆီလို အစိုဓာတ်ထိန်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ facial foam  ကို ရွေးတာကောင်းပါတယ်။

ခရင်မ်ပုံစံနဲ့ ထုတ်လုပ်ထားပြီး အမြှုပ်ထွက်နည်းတဲ့ facial foam မျိုး ကိုရွေးပါ။

အဆီပြန်တတ်တဲ့အသားအရေ

မျက်နှာမှာ အဆီပြန်နေတတ်တယ်၊ သိသိသာသာမြင်နေရလောက်တဲ့အထိ ချွေးပေါက်ကျယ်နေတယ်၊ မကြာခဏဝက်ခြံထွက်တတ်တယ် ဆိုရင် အဆီပြန်တဲ့အသားအရေပါ။

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေဟာ sebum ထွက်ရှိမှုလွန်ကဲပြီး မျက်နှာအသားအရေနဲ့ ချွေးပေါက်တွေထဲမှာ အဆီတွေများလာပါတယ်။ အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ Facial cleanser တွေက တောက်ပမှုမရှိတဲ့ အသားအရေကို ဝင်းလက်လာစေပါတယ်။

ဥပမာ -L’Oréal Paris ရဲ့ White Activ Volcano Red Foam လိုမျိုးပါ။

White Activ Volcano Red Foam က Volcanic Mineral Extract ပါဝင်လို့ အသားအရေကို နက်ရှိုင်းစွာသန့်ရှင်းပေးပြီး ဝက်ခြံသက်သာစေတဲ့အပြင် နောက်တစ်ခါ ဖြစ်မလာအောင်လည်း တားဆီးပေးပါတယ်။

တုံ့ပြန်လွယ်တဲ့အသားအရေ

အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ၊အလှကုန်တွေနဲ့ ထိတွေ့ရင် နီရဲလာတယ်၊ ယားယံလာတယ်၊ လောင်တတ်တယ်ဆိုရင် ဓာတ်မတည့်မှုတွေရှိနိုင်တဲ့  sensitive skin ပိုင်ရှင်ပါ။

ကိုယ်က  sensitive skin  ဖြစ်နေရင် ဘယ်ပစ္စည်းကိုမှ ဓာတ်တည့်မတည့် အရင်မစမ်းဘဲ အလောတကြီးမသုံးသင့်ပါဘူး။ တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူတွေဟာ တခါတရံ တခြားသူတွေအတွက် ဘေးဥပါဒ်ကင်းနေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တတ်ကြပါဘူး။ ဒါ့ကြောင့် skin care ရွေးချယ်ရာမှာ ပိုသတိထားသင့်သလို  sensitive skin  အတွက် သီးသန့်ထုတ်တဲ့ ပစ္စည်းတွေဆို အကောင်းဆုံးပါပဲ။

hypoallergenic အမျိုးအစား ဖြစ်ပြီး အမြှုပ်နည်းတဲ့ မျက်နှာသစ်ဆေးကိုရွေးပါ။ သူတို့ကို ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေမပါဘဲ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်၊ချာမိုမိုင်း ဒါမှမဟုတ် ဗီတာမင်အီး တို့ပါဝင်တဲ့ ထုတ်ကုန်တွေက ရောင်ရမ်းမှုကိုသက်သာစေပြီး sensitive skin ကို ထိန်းသိမ်းပေးပါတယ်။

ပုံမှန်အသားအရေ

ဘာမှ ထူးထူုးခြားခြားလက္ခဏာမရှိတဲ့ ပုံမှန်အသားအရေရှိသူတွေဟာ ပုံမှန်ရှိသင့်တဲ့ အဆီဓာတ်ပမာဏရှိပြီး မျှတတဲ့အ သားအရေရှိသူတွေပါ။ ပတ်ဝန်းကျင်အခြေအနေနဲ့ အညီ ရေဓာတ်ထိန်းသိမ်းနိုင်အောင်လို့  နွေရာသီရောက်ရင် ဂျယ်လ်ပုံစံ မျက်နှာသစ်ဆေးတွေကိုသုံးပြီး ဆောင်းတွင်းဆိုရင်တော့ ခရင်မ်ပုံစံဖော်မြူလာကို သုံးပေးပါ။

မျက်နှာအသားအရေဖြူဝင်းစေဖို့ L’Oréal Paris ကထုတ်တဲ့ White Activ Brightening Foam နဲ့ သန့်စင်ပေးခြင်းဖြင့်  မျက်နှာပေါ်ကအညစ်အကြေးအားလုံး ဖယ်ရှား၍ အသားအရေကို ဖြူဝင်း ညီညာ စေပါတယ်။

အမျိုးသားတွေအတွက် face moisturizer ဘယ်လိုရွေးမလဲ

အမျိုးသားတွေအတွက်ထုတ်တဲ့ မျက်နှာအစိုဓာတ်ထိန်းပစ္စည်းတွေက အများကြီးရှိပါတယ်။ ဒီတစ်ခါလည်း အရင်ဆုံးလုပ်သင့်တဲ့အလုပ်က မရွေးခင် label ကိုသေချာဖတ်ပြီး ပါဝင်ပစ္စည်းကိုကြည့်ဖို့ပါ။

alcohol ပါတဲ့ moisturizer  ကိုမရွေးပါနဲ့။ အသားအရေကိုခြောက်သွေ့စေနိုင်လို့ပါ။ shea butter လိုမျိုး၊ ထောပတ်သီးလိုမျိုး အပင်ကရရှိတဲ့အဆီတွေ၊ အနှစ်တွေကို ပါဝင်ပစ္စည်းအဖြစ် ထည့်သုံးထားတဲ့ ထုတ်ကုန်တွေကိုရှာပါ။ ဒါဆို အရေပြားက စုပ်ယူရလွယ်ကူပြီး မျက်နှာအသားအရေက သဘာဝအတိုင်း နူးညံ့လာပါလိမ့်မယ်။

ယောက်ျားလေး တော်တော်များများက Refresh ဖြစ်တာကို ကြိုက်တဲ့အတွက် လိမ်းလိုက်ရင် Cooling Sensation ပါတဲ့ Moisturizer မျိုးကို ရွေးသုံးတတ်ကြပါတယ်။ White Activ Anti-Acne Volcano Icy Gel Lotion မှာဆိုရင် Icy Freezing System ပါလို့ ချက်ချင်းအေးမြ လန်းဆန်းစေရုံမက Salicylic Acid ပါလို့ အဆီထွက်ရှိမှုကို တားဆီးပေးပြီး ဝက်ခြံ များကို လျော့ချပေး မဖြစ်အောင်ကာကွယ်ပေး ပါတယ်။

White Activ Power 8 Brightening Serum Moisturizer SPF 26 က အသားအရေ ဖြူဝင်းလိုသူတွေအတွက် အရမ်း အဆင်ပြေပြီး နေရောင်ဒဏ် ကိုပါ ကာကွယ်ပေးလို့ အပြင်ထွက် အလုပ်လုပ်နေရတဲ့ အမျိုးသားများအတွက် မရှိမဖြစ်ပါ

Moisturizer အနေနဲ့ရော After Shave အနေနဲ့ အသုံးပြုနိုင်တဲ့ Hydra Energetic X-Treme Moisturizing Fluid  ဆိုရင် လိမ်းလိုက်တာနဲ့ ပင်ပန်းမှုတွေ ပြေပျောက် လန်းဆန်း၍ ၂၄နာရီ ရေဓာတ်ဖြည့်ပေးပါတယ်။

မျက်နှာမှာရှိတဲ့ အပြစ်အနာဆာတွေ ချက်ချင်းဖုံးချင်တဲ့ ယောကျ်ားလေးတွေ အတွက်ဆိုလဲ L’Oreal Paris ရဲ့ BB Men Instant Skin Fixer Moisturizing Gel ရှိပါတယ်။ ချက်ချင်း အသားအရေကို ဖြူဝင်းညီညာစေပြီး ဝက်ခြံ တင်းတိတ် အမာရွတ်များ အားလုံး ဖုံးအုပ်ပေးနိုင်ပါတယ်။

ဘယ်အမျိုးအစားကိုပဲသုံးသုံး မျက်နှာကို အဆီနဲ့အညစ်အကြေးတွေသန့်ရှင်းစင်ကြယ်စေဖို့ တစ်နေ့နှစ်ကြိမ် (မနက်+ည) မျက်နှာသစ်သင့်ပါတယ်။ ဒါပေမယ့် Facial cleanser သုံးပြီးတိုင်း၊ ရေချိုးပြီးတိုင်း၊ မုတ်ဆိတ်ရိတ်ပြီးတိုင်း ၊Scrub လုပ်ပြီးတိုင်း Moisturizer  သုံးမှ အသားအရေစိုပြေမှုကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly