နို့ထွက်ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ အရွေးချယ်သင့်ဆုံးတွေက ဘာတွေလဲ။

နို့ထွက်ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ အရွေးချယ်သင့်ဆုံးတွေက ဘာတွေလဲ။

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

နို့ထွက်ထုတ်ကုန်

သင့်ရဲ့အစားအစာတွေထဲမှာ နို့ထွက်ထုတ်ကုန်တွေ ပါဝင်ခြင်း ကကယ်လ်စီယမ်နဲ့ အရည်အသွေးမြင့် ပရိုတိန်းတို့ကိုရနိုင်တဲ့ အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ အဆီမပါတဲ့ ဒိန်ချဉ်လိုမျိုး နို့ထွက်ထုတ်ကုန်အများစုက ၆ အောင်စဘူးမှာ ကာဘိုဟိုက်ဒရိတ်၁၅ဂရမ်နဲ့ ၁၀၀ကယ်လိုရီသာပါတဲ့ အချိုပွဲအနေနဲ့ စားသုံးလို့ရပါတယ်။

ဘာတွေကအကောင်းဆုံးရွေးချယ်မှုတွေလဲ ?

အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ နို့ထွက်ထုတ်ကုန်တွေက

  • အဆီမပါဒါမှမဟုတ်အဆီလျှော့ (နို့ 1%)
  • ပလိန်း အဆီမပါဒိန်ချဉ်(ပုံမှန်ဒါမှမဟုတ်ဂရိဒိန်ချဉ်)
  • အဆီမပါတဲ့ဒိန်ချဉ်အပေါ့ (ပုံမှန်ဒါမှမဟုတ်ဂရိဒိန်ချဉ်)
  • အရသာထပ်မဖြည့်ထားတဲ့ပဲနို့

တကယ် လို့ သင်ကနို့မကြိုက်ဘူးဆိုရင် သင့်အနေနဲ့ပဲနို့၊ဆန်နို့၊အယ်လ်မွန်နို့တွေကို သောက်ကြည့်ပါ။သူတို့ကကယ်လ်စီယမ်နဲ့ ဗိုက်တာမင်ဒီ အရင်းအမြစ်တွေပါ။

မှတ်သားစရာအချက်များ

  • နို့တစ် ခွက် ဒါမှမဟုတ်ဒိန်ချဉ်၆ အောင်စမှာ ကာဘိုဟိက်ဒရိတ် ၁၂ဂရမ်နဲ့ပရိုတိန်း ၈ဂရမ်ပါဝင်ပါတယ်။ ဂရိဒိန်ချဉ်ကပုံမှန်ဒိန်ချဉ်ထက်ပရိုတိန်းပါဝင်မှုပိုများပါတယ်။ ၆ အောင်စမှာ ပရိုတိန်း၁၂ဂရမ်ပါဝင်ပါတယ်။
  • တကယ်လို့သင် ကအဆီပိုနည်းတဲ့ နို့ထွက်ထုတ်ကုန်တွေ ပြောင်းသုံးချင်တယ်ဆိုရင်တော့ အရသာနဲ့အရောင်ကွာခြားမှုတွေကို ရင်းနှီးလာအောင် အချိန်ယူပါ။ဥပမာ – ပထမဆုံး whole milk ကနေ 2% ပါတာကိုဘဲသောက်ကြည့်ပါ။ပြီးမှ 1% ဒါမှမဟုတ်အဆီမပါနို့ကိုသောက်ပါ။
  • Whole milk ကနေ 1% milk ကိုပြောင်းသောက်ခြင်းကသင့်ကို၇၀ကယ်လိုရီနဲ့အဆီ၄ဂရမ် လျော့စေပါတယ်။Carb counters (ကာဘိုဟိုက်ဒရိတ် ရေတွက်သူ) တွေအတွက်အချက်များ

နို့/ဒိန်ချဉ်တစ်ခွက်ကအသီးတစ်စိတ်နဲ့ ပေါင်မုန့်တစ်စိတ်နဲ့ညီမျှပါတယ်။

Plate method သုံးသူတွေအတွက်အချက်များ

သင့်ရဲ့အစားအသောက်မှာ နို့ရှစ်အောင်စလိုပါတယ်။ သင်နို့မသောက်ရင် တခြားကာဘိုဟိုက်ဒရိတ်ပါတဲ့ ဒိန်ချဉ်၊သစ်သီး၊ပေါင်မုန့်လိပ် စတာတွေ စားလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly