မကွေးရဲစခန်းမှ အချုပ်ခန်းဖောက်ထွက်ပြေးသူ(၆)ဦးအနက် နှစ်ဦးကို ပြန်လည်ဖမ်းမိ

မကွေးရဲစခန်းမှ အချုပ်ခန်းဖောက်ထွက်ပြေးသူ(၆)ဦးအနက် နှစ်ဦးကို ပြန်လည်ဖမ်းမိ

 

အောက်တိုဘာ ၁၄ ။             ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့မရဲစခန်းမှ အချုပ်ဖောက်ထွက်ပြေးသူ(၆)ဦးအနက် အောက်တိုဘာလ ၁၃ရက် နေ့လည် ၁၂နာရီ ခန့်တွင် မိချောင်းရဲလမ်း၊မိုင်တိုင်အမှတ် (၆)တွင် တစ်ဦးထပ်မံဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းနှစ်ဦး ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်။

ယခုထပ်မံ ဖမ်းဆီးရမိသူမှာ မကွေးနယ်မြေရဲစခန်းတွင် ပုဒ်မ-၃၇၆/၃၆၃ ဖြင့်အမှုရင်ဆိုင်နေရသူ စိုင်းသီဟဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၁၁)ရက်နေ့ ည(၈)နာရီခန့် အချိန်က ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၃၆/ ၁၁၄ အမှုနှင့် တရားရင်ဆိုင်နေရသူ သိန်းမင်းထိုက်ကို မိခင်အိမ်သို့ ပြန်လည်ရောက်ရှိနေစဉ် ဖမ်းမိခဲ့ပါတယ်၊

ကျန်တရားခံပြေးများကိုလည်း အမြန်းဆုံး ဖမ်းမိအောင် ရဲတပ်ဖွဲ့က ကြိုးစားဆောင်ရွက်နေကြောင်း မကွေးမြို့မရဲစခန်း ၊ စခန်းမှူးဒုရဲမှူးဝင်းကျော်က မဇ္ဈိမသို့ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသူများမှာ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုရင်ဆိုင်နေသည့် ဘိုဘိုထက်၊ ၊ပုဒ်မ ၃၇၆ ဖြင့် အမှုရင်ဆိုင်နေသည့် ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေသည့် အောင်ဇော်လင်း၊ ပုဒ်မ ၃၈၀ ဖြင့် အမှုရင်ဆိုင်နေသည့် ခိုင်စိုးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ(၆)ဦးသည် အောက်တိုဘာ(၁၁)ရက် နံနက်(၃) နာရီကျော် အချိန်ခန့်တွင် မကွေးမြို့မရဲ အချုပ်ခန်း အမှတ်(၆) မှ ထွက် ပြေးလွတ်မြောက်သွား ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly