ရိုဟင်ဂျာဟိန္ဒူဆိုသည့် စကားလုံးကို မသုံးရန် ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်တိုက်တွန်း

ရိုဟင်ဂျာဟိန္ဒူဆိုသည့် စကားလုံးကို မသုံးရန် ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်တိုက်တွန်း

ရန်ကုန်၊ အောက်တိုဘာ ၁၀ ။           ။ နိုင်ငံခြားမီဒီယာများတွင် သုံးစွဲနေသည့် ရိုဟင်ဂျာဟိန္ဒူဆိုသည့်စကားလုံးကို မသုံးရန် ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ် ယနေ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ရှိ သျှရီ ဘူသ်နာသ် မဟာဒေဝ် ဘုရားကျောင်းတွင်ပြုလုပ်သည့် “ ရခိုင်ဒေသတွင် သေဆုံးခဲ့ရသော တိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများအတွက် အထူးဝမ်းနည်းကြေကွဲကြောင်းနှင့် ပြည်လည်ထူထောင်ရေး လုပ်ဆောင်ရန် တိုက်တွန်း “ သည့် အခမ်းအနားတွင် ဟိန္ဒူဘာသာရေးခေါင်းဆောင်များက ပြောခဲ့ခြင်းဖြစ်သည်။

“ ဟိန္ဒူရိုဟင်ဂျာဆိုတာမရှိပါဘူး။ ဟိန္ဒူမှာ မြန်မာပြည်မှာ လူမျိူးနွယ်စု ၁၀ စုရှိတယ်။ ဟိန္ဒူတမန် စသည်ဖြင့် ဟိန္ဒူဘင်္ဂါလီပဲရှိပါတယ်။  ဒီလိုရှုပ်ထွေးပြီးတော့ အရှုပ်ထဲကိုခေါ်သွားတာတော့ ကျွန်တော်တို့လက်မခံပါဘူး “ ဟု မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် (သနန္တနဓမ္မပါလအဖွဲ့ချုပ်) တွဲဖက်အတွင်းရေးမှူး ဦးစိုးဝင်း ပြောဆိုသည်။

ထိုဝေါဟာရသည် မြန်မာနိုင်ငံရောက် ဟိန္ဒူဘာသာဝင်များ၏ သမိုင်းကြောင်းနှင့် ဟိန္ဒူဗဟိုကောင်စီစည်းမျဉ်းပါ လူမျိုး (၁၀)မျိုးတွင်လည်းပါဝင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ထို့ကြောင့် ပြည်ပနိုင်ငံများကိုလှည့်ဖြားရန်အတွက် လုပ်ကြံဖန်တီးထားသော စကားဖြစ်သဖြင့် ထိုသို့ ခေါ်ဝေါ်သုံးစွဲခြင်းမပြုရန်လည်း ဟိန္ဒူဘာသာရေးဗဟို အဖွဲ့ချုပ်တိုက်တွန်းလိုက်သည်။

မောင်တောဒေသတွင် ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်ကာ မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း အလောင်း ၄၅ လောင်းကိုတွေ့ရှိခဲ့ခြင်းနှင့် ပက်သက်ပြီး  ရန်ကုန်မြို့ရှိ သျှရီ ဘူသ်နာသ် မဟာဒေဝ် ဘုရားကျောင်း ဆုတောင်းပွဲနှင့် သတင်းထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လတ်တလောအစိုးရမှ ပျောက်ဆုံးသူ ဟိန္ဒူဘာသာဝင် ၉၃ ဦးရှိသည်ဟု ထုတ်ပြန်ထားပြီး တူးဖော်ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly