အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ

အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ

ရေးသားသူ Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေဖို့ အမွေးရိတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမွေးရိတ်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

အမွေးရိတ်ဖို့ နည်းလမ်းများ

• အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။

အမွေးမရိတ်ခင် ထိခိုက်ပြတ်ရှမှုတွေကို ကာကွယ်ဖို့ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေဟာ သင့်အရေပြားပေါ်မှာ ဘရိတ်ဓါးနဲ့ ရိတ်ခြင်းကို ပိုမိုချောမွေ့စေပါတယ်။ သင့်မှာ အချိန်ရှိရင် ဘရိတ်ဓါးကို ပိတ်စေနိုင်တဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ ချေးချွတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

• ဘရိတ်ဓါးကို မကြာခဏ လဲလှယ်သင့်ပါတယ်။

တုံးနေတဲ့ ဘရိတ်ဓါးဟာ ပြတ်ရှမှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်းနွမ်းနေတဲ့ ဘရိတ်ဓါးဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘရိတ်ဓါးကို သုံးခါကနေ ငါးခါအထိသာ အသုံးပြုသင့်ပြီး ဈေးပေါတဲ့ ဓါးကိုလည်း မဝယ်သင့်ပါဘူး။

• အောက်ကို အရင်ရိတ်ပြီးမှ အပေါ်ကိုပြန်တက်ပါ။

အရေပြားကိုချေးချွတ်ပြီး ပျော့ပြောင်းအောင်လုပ်ပြီးရင်တော့ အမွှေးပေါက်တဲ့ဘက်အတိုင်းရိပ်ပြီး နောက် ပြောင်းပြန်ရိတ်သင့်ပါတယ်။ ဒါဟာ ပထမ အောက်ဘက်ကို အရင်ရိတ်ပြီးမှ အပေါ်ပြန်တက်လာသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမွှေးအကုန်ပြောင်သွားတာ သေချာစေဖို့ တစ်နေရာကို နှစ်ခါ ရိတ်သင့်ပါတယ်။

• အရှည်ကြီးဆွဲရိတ်တာများ မလုပ်ပါနဲ့

အထူးသဖြင့် တင်းကျပ်ပြီး ရိတ်ရခက်တဲ့ နေရာတွေဖြစ်တဲ့ ဒူးခေါင်းလိုနေရာမျိုးအတွက် ရှမိခြင်းကို ကာကွယ်ဖို့ ခပ်တိုတို အချက်လေးတွေနဲ့ ရိတ်သင့်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှရှိတဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို အမွေးရိတ်ချိန်မှာလည်း မတူညီစွာ ရိတ်သင့်ပါတယ်။

ခြေထောက်ကို ဘယ်လိုအမွေးရိတ်မလဲ။

  • အမွေးရိတ်တဲ့ ဂျယ် (သို့) သဘာဝဆီကို ပြတ်ရှခြင်းတွေကို ကာကွယ်ဖို့ အရင်လိမ်းပေးသင့်ပါတယ်။
  • အရေပြားတင်းရင်းစေဖို့ ဒူးကိုအနည်းငယ်ကွေးသင့်ပါတယ်။ ခေါက်နေတဲ့ အရေပြားဟာ အမွှေးရိတ်ဖို့ ခက်ခဲစေပါတယ်။
  • မပျောက်သေးတဲ့ ပြတ်ရှဒဏ်ရာတွေနားမှာ အမွေးရိတ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
  • အမွေးပေါက်တဲ့ ဘက်အတိုင်းအရင်ရိတ်ပြီး ပြောင်းပြန်ပြန်ရိတ်သင့်ပါတယ်။
  • အမွေးရိတ်ဂျယ် တွေကို ပြန်ဆေးချသင့်ပါတယ်။

ချိုင်းကို ဘယ်လိုအမွေးရိတ်မလဲ

  • အရေပြားကို စိုစေဖို့ အမွေးရိတ်ဂျယ် လိမ်းသင့်ပါတယ်။
  • ချိုင်းမြှောက်ပြီး ရိတ်သင့်ပါတယ်။
  •  အောက်ပိုင်းကနေ စရိတ်သင့်ပြီး ပြောင်းပြန်ရိတ်သင့်ပါတယ်။
  • အရေပြားယားယံမှုကို ကာကွယ်ဖို့ ဘရိတ်ဓါးကို အရမ်းမဖိသင့်ပါဘူး။
  • အမွေးရိတ်ဂျယ် ကို ပြန်ဆေးချသင့်ပါတယ်။
  • အရေပြားကိုကာကွယ်ဖို့ လိုးရှင်းကို အသုံးပြုသင့်ပါတယ်။

ဘီကီနီ အပိုင်းကို ဘယ်လိုလုပ်မလဲ။

  • အမွေးရိတ်ဂျယ် ထူထူလိမ်းပြီး အရေပြားကို စွတ်စိုစေ သင့်ပါတယ်။ ဒီနေရာက အမွှေးတွေဟာ အခြားနေရာတွေကထက် ပိုပြီးရိတ်ရခက်တာကြောင့် သေချာ ဂရုစိုက်ပြီး ရိတ်သင့်ပါတယ်။
  • အရေပြားဟာ ပါးပြီး နူးညံံ့တာကြောင့် သေချာ ကိုင်တွယ်သင့်ပါတယ်။
  •  ရေပြင်တစ်ညီတည်းအရင်ရိတ်သင့်ပြီး ပေါင်အပေါ်ပိုင်းနဲ့ ပေါင်ခြံနေရာတွေမှာ အပြင်ကနေ အတွင်းကို ရိတ်သင့်ပါတယ်။ တူညီတဲ့ ရိတ်ချက်တွေနဲ့ ချောမွေ့စွာ ညင်ညင်သာသာ ရိတ်သင့်ပါတယ်။
  • ဘီကီနီ အပိုင်းကို အမွှေးရိတ်တာထက်စာရင် ဖယောင်းနဲ့ အမွေးချွတ်တာကို ပြုလုပ်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly