မက္ကစီကိုငလျင်ကြောင့် ရှောန်မန်ဒက်စ်နှင့် ရစ်ကီမာတင်တို့၏ ဖျော်ဖြေပွဲများကိုဖျက်သိမ်း

မက္ကစီကိုငလျင်ကြောင့် ရှောန်မန်ဒက်စ်နှင့် ရစ်ကီမာတင်တို့၏ ဖျော်ဖြေပွဲများကိုဖျက်သိမ်း

လွန်ခဲ့သောအင်္ဂါနေ့က မက္ကစီကိုနိုင်ငံတွင် ကြီးမားသောငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သောကြောင့် အဆိုတော် ရှောန်မန်ဒက်စ်နှင့် ရစ်ကီမာတင်တို့သည် မက္ကစီကိုစီးတီးမြို့၌ ကျင်းပရန်စီစဉ်ထားသော သူတို့၏ ဖျော်ဖြေပွဲ များကို ဖျက်သိမ်းခဲ့သည်။

ပြင်းအား ၇.၁ ပမာဏရှိသော ငလျင်ကြီးကြောင့် လူပေါင်း ၂၀၀ကျော် သေဆုံးခဲ့ရပြီး ကယ်ဆယ်ရေးလုပ်သား များသည် ပြိုကျနေသော အဆောက်အဦးများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိသည်။

“မက္ကစီကိုနိုင်ငံမှာ ဒီနေ့လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ဒုက္ခဘေးကြုံတွေခဲ့ရတဲ့ သူတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ကံမကောင်းစွာနဲ့ပဲ မက္ကစီကိုစီးတီးမှာ ပြုလုပ်မယ့် ကျနော်တို့ရဲ့ ရှိုးပွဲကို ကျင်းပဖို့ မဖြစ်နိုင်တော့ပါဘူး။ ခင်ဗျားတို့အားလုံးအတွက် မေတ္တာပို့သပေးပါတယ်။ ကျနော်ပြန်လာမယ် လို့ ကတိပေးပါတယ်” ဟု ရှောန်မန်ဒက်စ်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ဒါ့အပြင် ရစ်ကီမာတင်၏ ရှိုးပွဲကျင်းပရန် စီစဉ်ထားသောနေရာကို ယခုအခါတွင် လှူဒါန်းမှုများ လက်ခံသည့် စင်တာအဖြစ် အသုံးပြုထားသလို လက်တင်ဂရမ်မီဆုပေးပွဲအတွက်   ကြေညာမည့်ရက်ကိုလည်း   ရွှေ့ဆိုင်းလိုက် ရကြောင်း သိရသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly