One Championship

ရုပ်ရှင်ဝေဖန်ရေးဆရာများ၏ မှတ်ချက်အမျိုးမျိုးရရှိခဲ့သည့် Kingsman: The Golden Circle

.

ပရိသတ်များအထူးနှစ်ခြိုက်ခဲ့သော ၂၀၁၄ ခုနှစ်ထွက် Kingsman: The Secret Service ရုပ်ရှင်၏ နောက် ဆက်တွဲ ဇာတ်ကားဖြစ်သော Kingsman: The Golden Circle ရုပ်ရှင်ကို ဗြိတိန်၌ ဗုဒ္ဓဟူးနေ့တွင် စတင်ပြသ လျက်ရှိနေပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများထံမှ မတူညီသော မှတ်ချက်အမျိုးမျိုးကို ရရရှိခဲ့သည်။

The Telegraph သတင်းစာမှ ဝေဖန်ရေးဆရာဖြစ်သူ ရော်ဘီကောလင်းက “ သရုပ်ဆောင်ကြယ်ပွင့်အားလုံး ပါဝင်တာတောင်မှ ဒီဒုတိယဇာတ်ကားဟာ အချိန်ကြာ၊ ငြီးငွေ့စရာကောင်းပြီး ပထမဇာတ်ကားကို မမှီပါဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း The Guardian သတင်းဌာနမှ ဝေဖန်ရေးဆရာ ၀စ်လမ်မန်ဖော့ဒ်က “ ပထမကားမှာပါတဲ့ ဇ၀နဥာဏ်လေးတွေနဲ့ ဖြေရှင်းတဲ့ဇာတ်ဝင်ခန်းတွေလိုမျိုး အခုဇာတ်ကားမှာလည်းပါဝင်ပြီး ကြည့်ရတာ ပေါ့ပေါ့ ပါးပါးဖြစ်သလို လန်းဆန်းမှုတွေ ပေးစွမ်းနိုင်ပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

ယခု The Golden Circle ဇာတ်ကားသည် Kingsman အဖွဲ့၏ဌာနချုပ် ဖျက်ဆီးခံလိုက်ရသည့်အတွက် အမေရိ ကန်သူလျှိုအဖွဲ့နှင့် ပူးပေါင်းကာ ၄င်းတို့၏ဘုံရန်သူအား ပူးပေါင်းနှိမ်နင်းကြပုံကို ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။

နာမည်ကျော်သရုပ်ဆောင်များဖြစ်ကြသော တာရွန်အီဂါတွန်၊ ကောလင်းဖာ့သ်၊ မာ့ခ်စတရောင်း၊ ဆိုဖီကွတ်ခ် ဆန်၊ ဂျက်ဖ်ဘရစ်၊ ဟယ်လေဘယ်ရီနှင့် ဆာအယ်လ်တွန်ဂျွန်တို့ ပါဝင်ထားကြသည်။

Ref: BBC