Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ ကျေးလက်အဆိုတော် သောမတ်ရတ် ဦးဆောင်

Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ ကျေးလက်အဆိုတော် သောမတ်ရတ် ဦးဆောင်

 

ကျေးလက်အဆိုတော် သောမတ်ရတ်၏ နောက်ဆုံးထွက်ရှိထားသော သီချင်းအယ်လ်ဘမ်အသစ်သည် အမေရိကန် Billboard မှ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော အကောင်းဆုံးအယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံး မှ ဦးဆောင်နိုင်ခဲ့သည်။

“Life Changes” ဟု အမည်ပေးထားသော သောမတ်ရတ်၏ သုံးချပ်မြောက် စတူဒီယိုအယ်လ်ဘမ်သည် အချပ်ရေ ၉၄၀၀၀၊ အပုဒ်ရေ ၉၀၀၀၀ နှင့် အွန်လိုင်းမှနားဆင်မှု အကြိမ်ရေ သန်း ၃၀ကျော်ခန့် ရောင်းချနိုင်ခဲ့ ကြောင်း Nielsen SoundScan မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

အယ်လ်ဘမ် ၂၀၀ ဇယား၏ ဒုတိယနေရာမှ အီလက်ထရိုပေါ့ပ်ဂီတအဖွဲ့ Odesza ၏ “Moment Apart” အယ်လ်ဘမ်က အချပ်ရေ ၆၃၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး ရော့ခ်ဂီတအဖွဲ့ The National ၏ “Sleep Well Beast” က အချပ်ရေ ၆၂၀၀၀ ခန့် ရောင်းချရပြီး တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၏ ထိပ်ဆုံး ၁၀နေရာသို့ ဝင်ရောက်လာနိုင်သော သီချင်း အယ်လ်ဘမ်အသစ်များမှာ နံပါတ် ၅ နေရာတွင် ရပ်တည်နေသော ဂျက်ဂျွန်ဆန်၏ “All The Light Above” ၊ နံပါတ် ၇ နေရာတွင် ရပ်တည်နေသော ကျေးလက်ဂီတအဆိုတော် ဒက်စတင်လင့်ချ်၏ “Current Mood” နှင့် နံပါတ် ၁၀ ၌ရပ်တည်နေသော အဆိုတော်ကစ်ပ်မော၏ “Slowheart” အယ်လ်ဘမ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သောအပတ်က ဇယားထိပ်ဆုံး၌ ဦးဆောင်နိုင်ခဲ့သော LCD Soundsystem ၏ “American Dream” အယ်လ်ဘမ်မှာ ယခုအပတ်တွင် နံပါတ် ၅၆ နေရာအထိ ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly