BTS အဖွဲ့၏ အယ်လ်ဘမ်အသစ်တွင် Chainsmokers အဖွဲ့နှင့် ပူးပေါင်းဖန်တီးထားသော သီချင်းပါ၀င်မည်

BTS အဖွဲ့၏ အယ်လ်ဘမ်အသစ်တွင် Chainsmokers အဖွဲ့နှင့် ပူးပေါင်းဖန်တီးထားသော သီချင်းပါ၀င်မည်

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ BTS ၏ သီချင်းအယ်လ်ဘမ် အသစ်တစ်ခုထဲတွင် နာမည်ကျော် The Chainsmokers အဖွဲ့မှ အန်ဒရူးတက်ဂါ့တ်က သီချင်းတစ်ပုဒ်ကို ပါဝင်ဖန်တီးထားသည်။

အန်ဒရူးတက်ဂ့ါတ်နှင့် BTS အဖွဲ့မှ ရက်ပ်စာသားသီဆိုသော အဖွဲ့ဝင်များသည် ၎င်းတို့၏သီချင်းသစ် Best of Me အတွက် အတူတကွဖန်တီးခဲ့ကြပြီး ထိုသီချင်းသည် EDM ဂီတအမျိုးအစားဖြစ်ကာ BTS ၏ မီနီအယ်လ်ဘမ် အသစ်ဖြစ်သော Love Yourself 承 ‘Her’ ထဲ၌ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

BTS အဖွဲ့နှင့် The Chainsmokers အဖွဲ့သည် လွန်ခဲ့သောမေလက ကျင်းပခဲ့သည့် Billboard ဂီတဆုပေးပွဲ၌ တွေ့ဆုံခဲ့ကြပြီး ထိုအချိန်မှစ၍ ၎င်းတို့အဖွဲ့နှစ်ဖွဲ့သည် သီချင်းများကို အပြန်အလှန်ဝေမျှခဲ့ကြပြီး ရလာဒ်အဖြစ် ၎င်းတို့သည် Best of Me သီချင်းကို ပူးပေါင်းဖန်တီးနိုင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

BTS အဖွဲ့၏ အယ်လ်ဘမ်အသစ်ဖြစ်သော Love Yourself 承 ‘Her’ သည် လာမည့်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထွက်ရှိသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် The Chainsmokers အဖွဲ့သည် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကာ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ရက်နေ့များတွင် ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags