၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့အစည်းမှတ်ပုံတင်မည်

၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့အစည်းမှတ်ပုံတင်မည်

 

ရန်ကုန် ၊ စက်တင်ဘာ ၉ ။             ။ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကို အဖွဲ့အစည်းမှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ၏ စတုတ္ထအကြိမ်မြောက် နယ်ကွန်ယက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချခဲ့သည်။

ယင်းစုံညီတွေ့ဆုံပွဲမှ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)၏ နယ်ကွန်ယက်များ ကျစ်လစ်ပြီး ချိတ်ဆက်မှု အားကောင်းရေးအတွက် ဆောင်ရွက်သွားရန် ၊ အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုံ့ချပြီး ကာကွယ်တားဆီးမှုများ လုပ်ဆောင်သွားရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၁ ရာစု ပင်လုံ လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်သွားရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဟု ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) က စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) မှ ဦးကိုကိုကြီး နှင့်ဦးမင်းဇေယျာတို့ဦးဆောင်ကာ နိုင်ငံရေးပါတီ တစ်ခု ထူထောင်ရန် ဆောင်ရွက်နေပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ပါတီအမည်ရွေးချယ်၍ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်းသိရသည်။

ပါတီဖွဲ့စည်းရေးအတွက် ပါတီဖြစ်မြောက်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါဦးဆောင်ကော်မတီတွင် ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးသက်ထွန်းနှင့်ဦးရဲနိုင်အောင်တို့ပါဝင်သည်။

ဖွဲ့စည်းမည့် အဆိုပါပါတီ၏ကော်မတီအသီးသီးတွင်  ဦးမင်းကိုနိုင် ၊ဦးဂျင်မီ အစရှိသော ၈၈မျိုးဆက်အချို့ မပါဝင်သေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly