DVB သတင်းဌာန (၂၅) နှစ်မြောက် အခမ်းအနားပြုလုပ်

DVB သတင်းဌာန (၂၅) နှစ်မြောက် အခမ်းအနားပြုလုပ်

ရန်ကုန် ၊ စက်တင်ဘာ ၉ ။                 ။  ပြည်ပနိုင်ငံတွင် စတင်တည်ထောင်ခဲ့သည့် ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာန DVB ၏၂၅ နှစ်ပြည့် အခမ်းအနားကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့မှ မြန်မာနိုင်ငံအတွင်းသို့ ရေဒီယို အစီအစဉ်များ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာနအနေဖြင့် သူတို့၏ အစီအစဉ်များကို တိုးချဲ့ကာ ဂြိုလ်တုမှတဆင့် ရုပ်သံအစီအစဉ်များကို ထုတ်လွှင့်ခဲ့သည်။

ယင်းအစီအစဉ်သည် ပထမဆုံးသော သတင်းလွတ်လပ်ခွင့် ရှိသည့် မြန်မာစကားပြော အခမဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်လာခဲ့သည်။ DVB ရုံးချုပ်ကို အော်စလိုမှ ချင်းမိုင်၊ချင်းမိုင်မှရန်ကုန်သို့ အဆင့်ဆင့် ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ဆင်ဆာကင်းလွတ်ခွင့်များ ဖြေလျှော့ပေးခဲ့သည့် ကာလ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာန  ဝင်ရောက်လာပြီး မာလ်တီမီဒီယာလုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့သည်။

ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာန သည် အစိုးရမှ တင်ဒါခေါ်ယူပြီး လိုင်စင်ချထားပေးခဲ့သည့် အခမဲ့ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ကို ရရှိထားသည့် ကုမ္ပဏီ ငါးခုအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ အစိုးရမှ လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ ငါးခုသည် မဇ္ဈိမမီဒီယာ ၊ Fortune International ၊ ကောင်းမြန်မာအောင် Group  ၊ Young Investment Group ၊ ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာန(DVB) တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly