ရခိုင်မြောက်ပိုင်း မောင်တောဒေသတိုက်ခိုက်မှုဖြစ်စဉ် ၁၅ ရက်အကြာတွင် အကြမ်းဖက်သမား ၅၀ ဦး ဖမ်းမိ

ရခိုင်မြောက်ပိုင်း မောင်တောဒေသတိုက်ခိုက်မှုဖြစ်စဉ် ၁၅ ရက်အကြာတွင် အကြမ်းဖက်သမား ၅၀ ဦး ဖမ်းမိ
ဓာတ်ပုံ-အတိုင်ပင်ခံရုံး
 

ရန်ကုန် ၊ စက်တင်ဘာ ၈ ။           ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် ၁၅ ရက် ကြာမြင့်ပြီး နောက်ပိုင်း အကြမ်းဖက် သမား အယောက် ၅၀ ကို ဖမ်းဆီးရမိထားသည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ် စတင်ခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့ မှ ယနေ့ စက်တင်ဘာ ၈ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် အယောက် (၅၀) အထိ ဖမ်းမိထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ဖမ်းမိထားသည့်သူများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ယမန်နေ့ နေ့လည် ၂ နာရီခန့်ကလည်း မောင်တောမြို့နယ် ဂေါ်ဒူသာရ ကျေးရွာ ရှိ နေအိမ်များ မီးလောင်ကျွမ်းခံခဲ့ရပြီး အဆိုပါ မီးလောင်မှုနှင့်ပတ်သက်ကာ နေအိမ်မီးရှို့သူများကို လိုက်လံစုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly