တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အကြမ်းဖက်မှုဖြစ်စဉ်များကို ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ အကြမ်းဖက်မှုဖြစ်စဉ်များကို ဆွေးနွေး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

 

ရန်ကုန်၊ စက်တင်ဘာ ၅  ။                ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား NCA လမ်းကြောင်းပေါ်တွင် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို နေပြည်တော်တွင် ယနေ့ (စက်တင်ဘာ ၅ ရက်) ဆွေးနွေးခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သတင်းထုတ်ပြန်သည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

စက်တင်ဘာ ၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်ဒိုနီးရှား နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတို့တွေ့ဆုံခဲ့သေး သည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များကို အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြေသော်လည်း အသေးစိတ်ကိုမှု ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူ မြန်မာ အစိုးရ အနေဖြင့် လူနည်းစုများအပေါ် စစ်ရေးအရ အရေးယူမှုများ အဆုံးသတ်ပေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly