အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီထိပ်တန်းခေါင်းဆောင်များ တပ်စွဲမှုအနေအထား ဆွေးနွေးမည်

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီထိပ်တန်းခေါင်းဆောင်များ တပ်စွဲမှုအနေအထား ဆွေးနွေးမည်
ဓာတ်ပုံ-မင်းမင်း
 

ရန်ကုန်၊ သြဂုတ် ၃၁ ။         ။ မွန်ပြည်သစ်ပါတီဌာန ချုပ်အနီး တပ်မတော်က တပ်ဆွဲထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ထည့် သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေးကပြောသည်။

မွန်ပြည်သစ်ပါတီ၏ ဌာနချုပ်နှင့် တစ်မိုင်အကွာတွင်တပ်မတော် တပ်ဆွဲထားသောကြောင့် မွန်ပြည်သစ်အနေဖြင့် စိုးရိမ်မှုများရှိနေကြာင်း နိုင်အောင်မငေး ကဆက်လက်ပြောဆိုသည်။

“ မြေပြင်မှာ တပ်ကနည်းနည်းနီးကပ်ထားတာလေ၊ အဲ့တာဖြေလျော့ပေးဖို့အတွက်၊ ပြီးတော့ NCA လမ်းကြောင်းအတိုင်းကျွန်တော်တို့ မွန်ပြည်သစ်ပါတီက တစ်စိုက်မတ်မတ်သွားမယ့် အကြောင်းပြောမလို့ပေါ့ “ ဟု ၎င်းကဆိုသည်။

မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌနိုင်ဟံသာ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဇေယျ၊ စစ်ဦးစီးချုပ်လယီကောင်း၊ ပြည်တွင်းရေးရာ ဌာန တာဝန်ခံ နိုင်ဝင်းလှ၊ မဟာမိတ်ဆက်ဆံရေးဌာနက နိုင်အောင်မငေးတို့သည် စက်တင်ဘာ ၁ရက်နေ့တွင် နေပြည်တော်၌ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

“ ကျွန်တော်တု့ိယုံကြည်ပါတယ်။ ဘာလို့ဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အကြီးအကဲတစ်ယောက်ဆိုတော့လေ ၊သူရဲ့လှုံ့ဆော်မှုအရ တပ်မတော်ကလည်း ဒါကိုနည်းနည်း လိုက်နာမယ်လို့ထင်ပါတယ် “ ဟု နိုင်အောင်မငေး ကပြောသည်။

မွန်အမျိုးသားတော်လှန်ရေးနေ့မတိုင်မီက တပ်အနေအထားများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုတစ်ခုကို့ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်တွင့် သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သေးသည်။

မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly