မော်လမြိုင်ကျွန်းရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ၁၀ဦးထဲမှ နှစ်ဦးကို ပြန်ဖမ်းမိပြီ

မော်လမြိုင်ကျွန်းရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ၁၀ဦးထဲမှ နှစ်ဦးကို ပြန်ဖမ်းမိပြီ

ပုသိမ်၊ သြဂုတ် ၂၈ ။            ။ သြဂုတ် ၂၅ရက် နံနက်က ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့မရဲစခန်းမှ ထွက်ပြေးသည့် အချုပ်သား ၁၀ဦးထဲမှ နှစ်ဦးကို ပြန်လည်ဖမ်းမိပြီဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်ပြောသည်။

"အချုပ်တရားခံဆယ်ဦးထွက်ပြေးတာ အခုတော့ နှစ်ဦးမိပါတယ်။ ဩဂုတ်လ၂၇ရက်နေ့ နံနက် ၁နာရီကျော်လောက်မှ ခိုးမှုတရားခံတစ်ဦးမိပြီး နောက်တယောက်က ဩဂုတ်လ ၂၇ရက်နေ့၊ နေ့ခင်း ၁နာရီလောက်မှ။" ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်ပြောသည်။

အချုပ်ခန်းအတွင်းမှ ထွက်ပြေးသူများမှ ခိုးမှု၊ တစ်လင်တစ်မယားဥပဒေဖြင့်များဖြင့် အမှုဖွင့်အရေးယူခံထားရသူများ ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဒုတိုင်း ရဲတပ်ဖွဲ့မှူး ဥက္ကဋ္ဌ နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး နှစ်ဦးက စစ်ဆေးနေပြီး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ တာဝန်မှူး၊ ကင်းမှူး နှင့် ကင်းသားများက လုံခြုံရေးယူထားသည်ဟု သိရသည်။

"ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ပေါ့လျော့မှုအတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီအရေးယူထားပါတယ်။ ထွက်ပြေးသွားတဲ့တရားခံတွေ ဖမ်းဆီးရမိရေးအတွက် အဖွဲ့တွေဖွဲ့စည်းပြီး နီးစပ်ရာခရိုင်တွေမှာ ခရိုင်မှူးတွေကြပ်မတ်ပြီး ပြန်လည်ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း” ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ပြောသည်။

ဩဂုတ်လ၂၅ရက်နေ့၊ နံနက်၃နာရီဝန်းကျင်တွင် မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ အချုပ်တရားခံဆယ်ဦး ထွက်ပြေးခဲ့ပြီး၊ ထွက်ပြေးတရားခံများမှ ခိုးမှုဖြင့် အမှုဖွင့်ခံထားရသူများဖြင့်ပြီး တစ်လင်တစ်မယားဥပဒေ၊  တခြားဥပဒေများဖြင့် တရားခံများထွက်ပြေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly